Skip to main content

စုံတောမြိုင်တက္ကသိုလ်၊ သမိုင်းရှိသောတက္ကသိုလ်

လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က ဖြစ်ပါသည်။ အတိအကျဆိုရသော် ၁၉၆၉ ခုနှစ်။ ကျွန်တော် ရန်ကုန်မြို့ သို့ အဖော်မပါ တစ်ယောက်တည်း ခရီးနှင်ခဲ့ သည်။ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ၄၁-လမ်း ဦးလေးအိမ်၊ ရွှေတိဂုံစေတီ၊ မင်္ဂလာဒုံလေဆိပ်တို့ကိုသွားရန် ရည်ရွယ် ပြီးလာခဲ့ သည်။ ရန်ကုန်ဘူတာကြီးသို့ နံနက်ခင်းရောက် သွားပါသည်။ မြင်ကွင်းများက ထူးဆန်းနေသည်။ ရန်ကုန်ဆိုတာ တို့ရွာက ဘုရားပွဲထက် စည်ပါလားဆို သောကိန်းဖြစ်ပါသည်။ အရွယ်ကလည်းငယ်၊ ရောက်ချင် သွားချင်ဇော ကလည်း ရှိနေသဖြင့် ကြောက်ရလန့်ရမှန်း မသိ။ ယခုခေတ်ကဲ့သို့ လက်ကိုင်ဖုန်းမပါ။ လမ်းဘေး ဖုန်းဆိုင် လည်းမရှိ။ ပါးစပ်ပါ ရွာရောက် တောဓလေ့ဆိုရိုး စကားကို လက်ကိုင်ထားပြီးသွားရ။ ဟိုမေး သည်မေးဖြင့် လိုင်းကားစီး။ ကမာရွတ်လှည်းတန်းရောက်၊ ကားပေါ်က ဆင်း၊ လမ်းလျှောက်။ လမ်းဘေးဆိုင်းဘုတ်ဖတ်၊ နှုတ်က လည်းမေး၊ မကြာခင် ရန်ကုန်တက္ကသိုလ် အင်းဝဆောင် သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။

၁၉၂၀ပြည့် ပထမကျောင်းသားသပိတ်ခေါင်းဆောင် ၁၁ ဦးမှ ထားဝယ်သားခေါင်းဆောင် တစ်ဦး၏သမိုင်း

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကို ကောလိပ်ကျောင်းသား ကြီးများ သပိတ် မှောက်ခဲ့သည်မှစ၍ မြန်မာအမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာခဲ့သည်မှာ မကြာမီ တွင် နှစ်(၁၀၀) ပြည့်တော့မည် ဖြစ်ပါသည်။ ထိုအခါက ကောလိပ်ကျောင်းသားကြီးတို့ သည် မြန်မာပြည် နိုင်ငံရေးတွင် ကိုယ်ထိ လက်ရောက် ဝင်ရောက် ဆောင်ရွက်ခြင်းများ မပြုခဲ့သော်လည်း မြန်မာပြည်နှင့် မြန်မာ လူမျိုးတို့၏ ကိစ္စဟူသရွေ့ကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြ၏။ သို့နှင့် ရန်ကုန်တက္ကသိုလ် ဥပဒေကို အတည်ပြုလိုက်သောအခါ ထိုဥပဒေ သည် မြန်မာလူမျိုးများ အထက်တန်းပညာ တတ်မြောက်ရေးကို များစွာ ချုပ်ချယ်ထား ကြောင်းနှင့် ထိုဥပဒေကို တိုင်းပြည်က ကန့်ကွက်ခဲ့ခြင်းတို့ကို သိနှင့်ပြီး ဖြစ်ရကား တိုင်းပြည်က ကန့်ကွက်၍ မရခဲ့သော ထို ရန်ကုန်တက္ကသိုလ်ဥပဒေကို တစ်နည်းနည်း ဖြင့် တိုက်ဖျက်ရန် အောက်ပါ ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦးတို့သည် ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ သွားရောက် ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြ၏။

နတ်မောက်မြို့နယ်တွင် ဗိုလ်ချုပ်နေအိမ်ပြတိုက် (အနောက်ဘက်) ကားပါကင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

နတ်မောက်မြို့နယ်တွင် ဗိုလ်ချုပ်နေအိမ်ပြတိုက် (အနောက်ဘက်) ကားပါကင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး နတ်မောက် ဒီဇင်ဘာ ၅ သင်းသင်းမြတ်

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာကာလလှုပ်ရှုားမှုအစီအစဉ် Talk Show ကျင်းပ

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာကာလလှုပ်ရှုားမှုအစီအစဉ် Talk Show ကျင်းပ သဲကုန်း ဒီဇင်ဘာ ၅ နိုင်လင်း

တပ်ကုန်းမြို့၌ အာလူးသီးနှံများကို စက်ကိရိယာဖြင့် သရုပ်ပြစိုက်ပျိုး

တပ်ကုန်းမြို့၌ အာလူးသီးနှံများကို စက်ကိရိယာဖြင့် သရုပ်ပြစိုက်ပျိုး တပ်ကုန်း ဒီဇင်ဘာ ၅ မြို့နယ်(ပြန်/ဆက်)

မြို့နယ်အတွင်းရှိ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ လက်ရှိရာဘာ ဈေးနှုန်း ကျဆင်းသဖြင့် အကျိုးအမြတ်နည်းပါး

မြို့နယ်အတွင်းရှိ ရာဘာစိုက်ပျိုးထုတ်လုပ်သူများ လက်ရှိရာဘာ ဈေးနှုန်း ကျဆင်းသဖြင့် အကျိုးအမြတ်နည်းပါး မိုးညှင်း ဒီဇင်ဘာ ၅ ကျော်ကျော်ထွေး

ကျွန်မချစ်သော မြကျွန်းညိုနှင့် ကံ့ကော်မြိုင်

ဂျပ်ဆင်ဝင်ပေါက်မှအဝင် ရေတမာပင်တန်းကြီးကလည်း ဆီးကြိုနေလျက်ရှိသည်။ မြက်ခင်းစိမ်း တွင် ငှက်ကလေးများ ဆော့ကစားနေကြသည်။ ငုနဲ့ ပိတောက်ပင်များ ကလည်း ဆီးကြိုနေ သည်။ ပင်ယံထက်ဆီက ကိုရွှေဥဩလေးကလည်း တွန်ကျူးသံလေးနှင့် နှုတ်ဆက်စကား ဆိုလေ သည်။ တဖြည်းဖြည်း လျှောက်လှမ်းလာရင်း အနုပညာအသင်း အခန်းအနီး ရောက်သည်နှင့် တစ်ပြိုင်နက် ဆိုင်းသံ ဗုံသံများ ကားရသည်။

လွမ်းရပါသော တက္ကသီလာ

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့က အမိတက္ကသိုလ်ရဲ့ ရာပြည့်မွေးနေ့ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ သမိုင်း၊ ရန်ကုန်တက္ကသိုလ်ရဲ့ ဖြစ်တည်မှု၊ ရန်ကုန်တက္ကသိုလ်ရဲ့ အရေးပါမှုတွေကို ကျွန်မတို့ ဆရာကြီး၊ ဆရာမကြီးများ အမှတ်တရ ရေးသားကြတာတွေကို နေ့တိုင်းပဲ ဖတ်ရပါ တယ်။ တက်ကြွစရာ၊ ပျော်ရွှင်စရာ၊ အောက်မေ့လွမ်းမောစရာတွေလည်း ဖတ်ရသလို ကျွန်မတို့ သက်တမ်းနဲ့ မမီလိုက်ရတဲ့ အကြောင်းအရာတွေကိုလည်း တန်ဖိုးရှိစွာ သိရှိရပါတယ်။

အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားသံများ

မြန်မာစာပေလောကတွင် ဘဝတစ်သက်တာ ပျော်မွေ့ခဲ့ကြပြီး မြန်မာစာပေကို ချစ်ခင်မြတ်နိုးကာ ပြည်သူများ အသိပညာတိုးပွားစေသည့် စာပေများ ရေးသားဖော်ကျူးခဲ့ကြသော စာရေး ဆရာကြီးများအား နိုင်ငံတော်က နှစ်စဉ် အမျိုးသားတစ်သက်တာ စာပေဆုနှင့် အမျိုးသား စာပေဆုများကို ရွေးချယ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့ကြသည့် စာရေးဆရာကြီး နှစ်ဦးနှင့် အမျိုးသား စာပေဆုရ စာရေးဆရာ အချို့ အား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Subscribe to