ဘက်စုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘက်စုံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် မလိုအပ်ပေ ဘူးလားဆိုတဲ့ မေးခွန်းဟာ ကျွန်မတို့ လူသားအားလုံးရဲ့ ခေါင်းထဲမှာ အမြဲတွေးတော စဉ်းစားနေတဲ့ ခေါင်းစဉ်ဆိုလည်း မမှား နိုင်ပါဘူး။ ကျွန်မတို့နေထိုင်ရာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများထဲမှာ ပါဝင်တဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ဖို့ အခြားသော တိုင်းပြည်များထက် ပို၍ လိုအပ်ပါတယ်။ ထိုသို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကဏ္ဍစုံလို့ ပြောတဲ့အခါ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်တဲ့ အဆင့်ဆင့်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ အဆင့်ဆင့်ဆိုရာမှာ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကျေးရွာအဆင့်၊ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်ဟူ၍ အဆင့်ဆင့် ရှိပါတယ်။ ထိုအဆင့်များထဲမှ ယခုအခါ နိုင်ငံတော်မှ မူဝါဒချမှတ် အကောင်အထည်ဖော်နေသည့် Bottom Up Planning စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ကျေးရွာအဆင့်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင် နေပါတယ်။