ထိပ်တန်းသို့ မြန်မာနိုင်ငံရောက်ဖို့ မြင့်ရန်အရေးဝယ် လူထု၏ နိမ့်မြင့်ပညာ ဉာဏ်ရည်လိုက်လို့ မြင့်နိုင်မယ်
အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းက မန္တလေး ဗဟိုအမျိုးသားကျောင်းထွက် ဖြစ်ခဲ့တယ်။
မန္တလေးက အမျိုးသားကျောင်းတွေ
ပထမကျောင်းသားသပိတ်ကြီးကြောင့် အမျိုးသား ကျောင်းတွေဖွင့်လှစ်ရာမှာ မန္တလေးက ဆရာကြီးဦးရာဇတ် ဦးဆောင်ပြီး တက်ကြွစွာပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေးမှာ (၁) လမ်း၈ဝနဲ့ ၈၁လမ်းကြား၊ လမ်း ၃ဝနဲ့ ၃၁ လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက် အဆောက်အဦကြီးမှာဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊ လမ်း၃ဝနဲ့ ၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာ ဆရာမကြီး ဒေါ်စောအုံကျောင်းအုပ် အဖြစ်ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊
