Mar 12, 2022
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Mar 12, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။
Mar 12, 2022
မန္တလေးတိုင်းဒေသကြီးအတွင်း နေကြာ၊ ဝါနှင့် အခြားစိုက်ပျိုးသီးနှံများ တိုးတက်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဦးစီးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးရုံးများနှင့် စိုက်ပျိုးရေးခြံ စုစုပေါင်း ၃၁ ခုမှ အရာထမ်း၊ အမှုထမ်း ၃၁၉ ဦးက Zoom Meeting ဖြင့် တက်ရောက်ကြသည်။
Mar 12, 2022
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ ဥပဒေမဲ့ခြိမ်းခြောက် လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိတို့၏ အသက်အန္တရာယ် လုံခြုံစိတ်ချရသည့် နေရာများတွင် ခေတ္တနေထိုင်နေကြသူများကို နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည်ထောင် နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
Mar 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Mar 12, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Mar 12, 2022
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2022
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery and Logistics ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Mar 12, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသော အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
Mar 12, 2022
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက် ၈ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
Mar 12, 2022
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2022
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်းနှင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၈၅၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၄၉၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 12, 2022
ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည်။ စစ်မှန်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများမှ ပေါ်ထွက်လာသော ကိုယ်စားလှယ်များသည် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို တာဝန်ယူ ဆောင်ရွက်ကြရသည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များအား မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှသာ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည်။
Mar 12, 2022
မိသားစုတစ်စု၏ နေ့စဉ်လူမှုဘဝများအတွက် လျှပ်စစ်ဓာတ်အားက လွန်စွာအရေးပါလှသည်။ စားဝတ်နေရေးလိုအပ်ချက်များအတွက် ဆောင်ရွက်ကြရာတွင် လျှပ်စစ်မီးဖို၊ လျှပ်စစ်ဒယ်အိုး၊ လျှပ်စစ်မီးပူ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရုပ်မြင်သံကြားစက်၊ လေအေးပေးစက်၊ ရေပူရေအေးစက်၊ ရေတင်စက်၊ မိုက္ကရိုဝေ့ဖ်မီးဖို စသည်ဖြင့် မိသားစုတစ်စု၏ ၂၄ နာရီပတ်လုံး အသုံးပြုမှုများတွင် ဓာတ်အားက မပါမပြီး။ ယခုကဲ့သို့ အပူရှိန်ပြင်းလာပြီဖြစ်သည့် နွေကာလသို့ ရောက်သည့်အခါ ဓာတ်အားသုံးစွဲမှုက ပိုလာသည်။ အများအပြားစုပြုံ သုံးစွဲကြသည့်အချိန်တွင် ဝန်နှင့်အား မမျှတခြင်း၊ ရေအားလျှပ်စစ်စက်ရုံများတွင် ရေနည်းလာမှုကြောင့် ထုတ်လုပ်မှု လျှော့ချရခြင်း စသည်တို့မှာ နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲအချို့ပင် ဖြစ်သည်။
Mar 11, 2022
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အထက(၄)၊ သီရိရတနာခန်းမတွင် ၁၀-၃-၂၀၂၂ ရက် (၀၉:၀၀) ချိန်တွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင် (၄)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်ရှိသူများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာဝန်ရှိသူ နယ်မြေတာဝန်ခံများ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၄၅) မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ခံဝန်ထမ်းများ၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှ တာဝန်ရှိသူများ အင်အား (၂၈၅) ဦး တက်ရောက်ခဲ့ကြပါသည်။
Mar 11, 2022
မြန်မာတပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ပြန်လည်ထွက်ခွာကြရာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ Department of Border Affairs မှ Director ဖြစ်သူ Lt. Gen. Pongtep Gaewchaiyo နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံမှူးကြီး ဦးမော်ဗလ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခွန်နေထွန်းဦးတို့က ပို့ဆောင်နှုတ်ဆက်ကြပြီး ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Mar 11, 2022
PDF အမည်ခံ အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။
Mar 11, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈)ရပ်ကွက်နေ ပပလင်း(ဘ)ဦးခင်တီ၊ ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်နေ ဖြိုးမင်းထွန်း(ခ) ကိုဖြိုး(ဘ) ဦးဇော်မင်းထွန်းနှင့် (ဒ/၁၇)ရပ်ကွက်နေ ညီညီထူး(ခ)ကြွက်သိုက်(ဘ) ဦးသန်းဆွေတို့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ရွှေပြည်သာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် လှော်ကားနယ်မြေ ရဲစခန်းတို့အား မိုင်းခွဲတိုက်ခိုက်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းနှင့် သယ်ဆောင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)အရ ၂၀၂၂ ခုနှစ်၊ မတ် ၁၀ ရက်တွင် ၎င်းတို့ ၃ ဦးအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
