Mar 14, 2022
ဒေါက်တာဇင်နွယ်မြင့် (ပါမောက္ခ/ ဌာနမှူး ပထဝီဝင်ဌာန) ရန်ကုန်တက္ကသိုလ်
Mar 14, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁၂ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဆင်ပေါင်ဝဲ၊ ကံမနှင့် မင်းတုန်းမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ကံမမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးသည်။
Mar 14, 2022
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၈နာရီက ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်သည်။
Mar 14, 2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မတ်၁၂ ရက် မွန်းလွဲပိုင်းက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဘုရင့်နောင်ခန်းမ၌ တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံပိုလျှံနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
Mar 14, 2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် သစ်တောဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၃၈၀၃ ဧကရှိသော နယ်မြေကို“ကိုးကွေ့တောင် ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာ အမှတ်(၅၄/၂၀၂၂) အရ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ (၁၁ ရက်) မှ စ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Mar 14, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီသုံးခု၊ ယာဉ်စီးရေလေးစီး ဖြင့် အောက်ဆီဂျင်အိုးခွံ ၂၀၀၊ Oxygen Plant တစ်ခု၊ Mask ၂၅ ဒသမ၂၉ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
Mar 14, 2022
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီး သည့်ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန် စာအုပ်အမှတ် (၁) မှ (၁၀) အထိ စာအုပ်များကို ထုတ်ဝေပြီးဖြစ်သည်။
Mar 14, 2022
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
Mar 14, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကြုံတွေ့ရစဉ်က ကုသရေးပိုင်းဆိုင်ရာနှင့် အောက်ဆီဂျင်လိုအပ်ချက် စသည့်အခက်အခဲများကြောင့် ရောဂါကူးစက်ခံရသည့် ပြည်သူများကြား စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ကြုံခဲ့ရသည်။ သို့သော် နိုင်ငံတော်အစိုးရ၏ စီမံညွှန်ကြားဆောင်ရွက်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက် မှုများကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ တစ်နေ့တခြားကျဆင်းလာပြီး ရောဂါကူးစက်မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့သည်။
Mar 14, 2022
မြန်မာနိုင်ငံအတွင်း မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း အမျိုးသား မြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ယင်းစိန်ခေါ်မှုများတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများ ချိတ်ဆက်မှု၊ သဟဇာတမဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံးဆောင်ရွက်မှုများ၊ မြေသယံဇာတအချက်အလက်များနှင့် မြေပြင်၊ မြေပုံများ တိကျမှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရာတွင် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းများစသည့် အကန့်အသတ်နှင့် စိန်ခေါ်မှုများက အဓိကဖြစ်သည်။
Mar 13, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။
Mar 13, 2022
အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 13, 2022
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ၌ မဟာဓါတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဆိုလာအသေးစားဓါတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
Mar 13, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယမန်နေ့ ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ ခပေါင်းဆည်ရေသောက်ရေ အသုံးချသူများအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။
Mar 13, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော် ကျွန်းပုလဲ မွေးမြူရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Mar 13, 2022
နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းမှ ပြည်သူ့ အပေါ်ဝန်ဆောင်မှုပေးနေသော သူတစ်ပါးထိခိုက်မှု အာမခံ နစ်နာကြေးပေးချေခြင်းလုပ်ငန်းများအား မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်က ပေးလျော်ရန်တာဝန်ရှိရာ ထိုပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းက ပခုံးပြောင်းတာဝန် ယူပေးချေခြင်း ဖြစ်ပါသဖြင့် စက်တပ်ယာဉ်ကြောင့် မတော်တဆ ထိခိုက်မိလျှင် နစ်နာကြေးကို အကျိုးခံစားခွင့်ရှိသူက မြန်မာ့အာမခံလုပ်ငန်းတွင် တောင်းခံနိုင်ပါသည်။
Mar 13, 2022
လာမည့်စိုက်ပျိုးရာသီမှစတင်၍ မကွေးတိုင်းဒေသကြီးအတွင်း အထူးဇုန်များ၊ သီးထပ်သီးညှပ် ဧရိယာများ ပိုင်းခြားသတ်မှတ်ပြီး မိုးနေကြာ ဧကတစ်သိန်းကျော်၊ ဆောင်းနေကြာ ဧကသုံးသိန်းခန့်ဖြင့် စုစုပေါင်း နေကြာဧကလေးသိန်းကျော် တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများ၊ တောင်သူများ၊ လုပ်ငန်းရှင်များက ကျရာအခန်းကဏ္ဍများမှ ပူးပေါင်းကြိုးပမ်း ကြစေလိုကြောင်း ယနေ့နံနက်ပိုင်း က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သီးနှံပုံစံ စံပြကွက်အား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
Mar 13, 2022
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုကို မတ် ၈ ရက် နံနက် ၉ နာရီတွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ် ရေးအဖွဲ့ ရုံးဟောင်း (စုပေါင်းရုံး) ၌ စတင်ဆောင်ရွက်သည်။
Mar 13, 2022
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် အောင်နိုင်ဦး (ခ) အိသိန်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကို လည်းကောင်း။
