Mar 13, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၃ ရက်က မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသော SCANIAR အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 13, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၁၉၈ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
Mar 13, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် တစ်သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး ငါးသိန်း Doses နှင့် ဆေးထိုးအပ် ငါးသိန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။
Mar 13, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 13, 2022
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Mar 13, 2022
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သုံးလွှာ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်း ငွေလဲနှုန်းဖြင့် ဒေါ်လာငွေရောင်းချမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Mar 13, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံး မြစ်ကြီးနားနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မြစ်ကြီးနား(၁၊ ၂) ရှိ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ အသိပညာပေးမှု၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးမှုနှင့် ဥပဒေရေးရာ အသိပညာပေးမှု သတင်း အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Mar 13, 2022
နေပြည်တော်ကောင်စီနယ်မြေ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၅)မှ ဗိုလ်လောင်းများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လေ့လာကြသည်။
Mar 13, 2022
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး၊ မကွေး မြို့ သားဖွားမီးယပ်ဆောင်နှင့် မွေးကင်းစကလေး(၃)ထပ် ကုသဆောင်သစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
Mar 13, 2022
“သမိုင်းသင်တာ မအအောင်”ဆိုသည့် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာ သန်းထွန်း ဆိုစကားကို မှတ်သားမိကြမည်ဖြစ်သည်။ ဆရာကြီး၏ဆိုစကားသည် လူ့ဘောင်လောကတစ်ခုလုံးအတွက် သတိပေးနှိုးဆော်ချက်ပမာဖြစ်သည်။ သမိုင်းမသိလျှင် အအနှင့်တူသည့်အလား အကျိုးအကြောင်းအဆိုးအကောင်းကို ဘာမျှမသိသည့် “သူများယောင်လို့ယောင် အမောင်တောင်မှန်းခြောက်မှန်းမသိ။ အရှုံးသမားသဖွယ်ဖြစ်နေပေမည်။ သမိုင်းသည် လူ့ဘောင်လောကတွင် အလွန်အရေးပါသည့် ပညာရပ်ဖြစ်ပြီး သမိုင်းကြောင်းဆိုင်ရာ ကိစ္စအဝဝတို့ကို လေ့လာမှတ်သားထားသင့်ပါသည်။
Mar 12, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန့်ကူးကျေးရွာအနီးရှိ မြဝတီကော့ကရိတ် အာရှလမ်းသစ်၌ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအား ယနေ့နံနက်ပိုင်းတွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Mar 12, 2022
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များက ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။
Mar 12, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Mar 12, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ၌ ကျင်းပသည်။
Mar 12, 2022
ပင်လောင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 12, 2022
ဆီကုန်သည်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပဲနှမ်းကုန်သည်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံက်(၈)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် လေကျင့်ရေးကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး တစ်ကိုယ်ရည်စွမ်း ရည်ပြပြိုင်ပွဲနှင့် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်သူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ သရုပ်ပြသမှုတို့အား ကြည့်ရှုအားပေးသည်။
