ပြည်သူကို လှည့်စားလှည့်ဖြားမည့် ပြည်တွင်းပြည်ပ အဖျက်သမားတို့ အကြံအစည် ကြိုတင်သတိပြုရှောင်ရှားနိုင်ရမည်
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပပြီးတဲ့နောက်မှာ အနိုင်ရပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားတဲ့ ပြည်သူတွေအတွက် ရွေးကောက်ပွဲတွေကို မြင်တွေ့ကြရပါတော့မယ်။ လွှတ်တော်တွေလည်း ပေါ်ထွက်လာပြီး လွှတ်တော်အသစ်၊ ရွေးကောက်ပွဲအသစ်တွေနဲ့တကွ ပြည်သူအားလုံးရဲ့လိုလားချက်နဲ့ကိုက်ညီမယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုလည်း မကြာမီဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။
