လွတ်လပ်ရေးနှင့် ဖွံ့ဖြိုးမှု၏ အနှစ်သာရနှင့်အတူ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှလွတ်မြောက်ခဲ့ပြီး လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့တိုင်း ဦးတည်ချက်ကောင်းများဖြင့် ကျင်းပလာခဲ့သော နေ့ထူးနေ့မြတ်တစ်ခုသည် ယခုနှစ်တွင် (၇၈)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။
