Skip to main content

သတိပြုရမည့် လျှပ်စစ်ဓာတ်အားတပ်ဆင်သုံးစွဲမှုများ

မြန်မာ့ရိုးရာမဟာသင်္ကြန်ရက်များအတွင်း မြန်မာပြည်သူပြည်သားများ ပျော်ရွှင်စွာရေကစားနိုင်ကြရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့၌ မြို့နယ်အလိုက်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်မြင့်များ ဆောက်လုပ်လျက်ရှိရာ သင်္ကြန်မဏ္ဍပ်များတွင် ဖြစ်ပေါ်နိုင်သော “လျှပ်စစ်အန္တရာယ်’’ ကြိုတင်ကာကွယ်ရေးအတွက် “လျှပ်စစ်အသိ၊ လျှပ်စစ်သတိ” ရှိကြစေလိုသည်။

သံသရာခရီးသည်များအနေဖြင့် မသေချာမှုများကြားမှ သေချာသည်ထက် သေချာအောင်.....

လူ့ဘဝဟာ ရခဲစွာမို့ ဘဝတိုတို ထိုထိုအမှုတွေကြား အချိန်ရှိခိုက်လုံ့လစိုက်ပြီး သတိတရားရလိုငြား၍ ဘာဝနာဘက်အာရုံစိုက်ကာ တစ်ဖန်လှည့် ဖြစ်ခဲ့ကြပြန်ပေပြီ။ ကောင်း‌သောအလုပ်မို့ ကိုယ်နှင့် ဆန္ဒတူလုပ်ဖော်ကိုင်ဖက်တချို့ အပါခေါ်ကာတာဝန်တစ်ခုနှယ် ထမ်းရွက်ခဲ့ကြပြန်သည်။ တာဝန်ဆိုသည်မှာ သာသနာ့တာဝန်၊ မိမိတန်ဖိုးထားသည့် ဘာသာသာသနာ ဆုတ်ယုတ်မသွား တိုးတက်ပွားများအောင် သာသနာ့အနွယ်မှာ ဆံကိုပယ်၍ သင်္ကန်းဝတ်ကာ ရခဲလှသည့်ဒုလ္လဘဘဝ၊ သီလရှင်ဘဝ၊ ယောဂီဘဝများခံယူပြီး သာသနာ့ဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းရွက်ကြသည့်သဘော၊ အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ကြသည့်သဘောမျှသာ...။

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည့်အခါ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း လျှောက်လွှာတွင်ဖော်ပြရပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည် -

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော အဖွဲ့အစည်းဖြစ်သည်။

မော်ကွန်းအသစ် ထုဆစ်ခဲ့ပြီ အောင်စစ်သည်

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြင့်မားကြီးထွားလာသည့် နိုင်ငံကြီးဖြစ်ပါသည်။ ရုရှားပြည်သူများသည် မိမိတို့နိုင်ငံတော်ကို ခေတ်မီပြီးအင်အားကြီးသော နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin ၏ ဦးဆောင်မှုအောက်တွင် အင်တိုက်အားတိုက်တည်ဆောက်နေပေသည်။

ဖြစ်ရပ်မှန်ကမ္ဘာ့မြင်ကွင်းများကြားက ရယူအပ်ရာသင်ခန်းစာများ

၂၀၂၃ ခုနှစ်နှစ်ဆန်းကာလကတည်းကစပြီး မတည်ငြိမ်မှုတွေနဲ့ကမ္ဘာတစ်ဝန်းမှာ သပိတ်မှောက်မှုတွေ၊ ချီတက်ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ခပ်စိပ်စိပ်လေးလှုပ်ခတ်လာတာ သတိထားမိကြပါလိမ့်မယ်။ တချို့ဒေသတွေမှာ အပြင်းအထန်၊ တချို့ဒေသတွေမှာတော့ မသိမသာ၊ အနောက်အုပ်စုဘက်က NATO နဲ့ EU အဖွဲ့ဝင်ပြင်သစ်နဲ့အရှေ့အလယ်ပိုင်းက အစ္စရေးတို့ကတော့ လတ်တလောအပြင်းထန်ဆုံး၊ အဆိုးရွားဆုံးပါပဲ။

၁၉၃၇ ခုနှစ် ဗဟိုစာရင်းရုံးမှသည် ယနေ့ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၈၆)နှစ်မြောက် နှစ်ပတ်လည်အမှတ်တရမှတ်တိုင်များ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သန္ဓေတည်ခဲ့ပြီး ဗဟိုစာရင်းရုံးမှ စာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖြစ် အောင်မြင်စွာရပ်တည်ဖြတ်သန်းခဲ့ရာ ယခု ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် ၈၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ပုသိမ်-မုံရွာလမ်းနှင့်အတူ ဖွံ့ဖြိုးလာသော တိုင်းဧရာ လူမှုစီးပွား

ရွာစဉ်ရွာဆက် ချိတ်ဆက်ကာ မြို့ကြီးမြို့ငယ်အသွယ်သွယ်ဖြတ်သန်းပြီး တိုင်းဒေသကြီးလေးခုကိုသွယ်ဆက်၍ အချိန်တို၊ ခရီးတိုဖြင့် လမ်းပန်းသာအောင် ထမ်းဆောင်နေသည်မှာ ပုသိမ်-မုံရွာလမ်းမကြီးပင်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်(ကံကလေး)မှအစပြု၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အထိ ဆက်သွယ်ပေးထားသော ပုသိမ်-မုံရွာလမ်းမကြီးသည် ၄၁၆ မိုင် ၆ ဖာလုံ ရှည်လျားပြီး ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းစသည့် တိုင်းဒေသကြီးလေးခုကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးတစ်ခုဖြစ်သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၏ သာယာလှပသောတောတောင်ရေမြေ သဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသားဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်သည်။

ပြည်သူ့ဘဏ္ဍာ ထိရောက်စွာ ခြိုးခြံချွေတာသုံးစွဲပါ

ကျွန်မ၏ဖခင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျရာဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ကျွန်မ၏ဖခင်သည် ရိုးသားကြိုးစားတိကျမှန်ကန် ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး သားသမီးများကိုလည်းမည်သည့်လုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ ရိုးသားကြိုးစားစွာဆောင်ရွက်ရန် သင်ကြားလေ့ကျင့်ပေးခဲ့သည်။
Subscribe to ဆောင်းပါး