မန်းရွှေစက်တော် အရောက်သွားလို့ ဆင်စခန်းမှာ တစ်ထောက်နားစို့
မင်းဘူး(စကု)မြို့နယ်မှ မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ တန်ခိုးကြီးသမိုင်းဝင်အထင်ကရ ဘုရားများစာရင်းတွင်ပါဝင်ပြီး မြတ်ဗုဒ္ဓ၏ ပါဒစေတီတော်နှစ်ဆူ (ခြေတော်ရာအစစ်) တည်ရှိတော်မူသော ရှေးဟောင်းသမိုင်းဝင် သာသနာ့နယ်မြေတစ်ခုလည်းဖြစ်သည်။ မန်းရွှေစက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓ ပူဇနိယဘုရားပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက် မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။
