နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၁၂)ရပ်အနက် ဦးတည်ချက် ၁(ဃ)သည် လမ်းပန်းဆက်သွယ်ရေးကို ဖော်ပြထားသည် (ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး)။ ထို့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေး၌ “စီးပွားရေးကို အထောက်အကူပြုနိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ကျွန်တော်တို့ရှိဖို့လိုပါတယ်။ လမ်းတွေကောင်းအောင်လုပ်ရပါမယ်။ မဖြစ်မနေ လမ်းတွေကောင်းအောင်လုပ်ရပါမယ်။...လာမယ့်နှစ်မှာ လမ်းတွေကောင်းအောင်လုပ်ဖို့ ကျွန်တော်တို့လျာထားပါတယ်။” ဟူ၍ လမ်းများနှင့် ပတ်သက်ပြီး အလေးထားပြောကြားသွားခဲ့သည်။ ဤသို့ ညွှန်ကြားခဲ့ခြင်း၏နောက်ကွယ်၌ ဖွံ့ဖြိုးမှုသီအိုရီများရှိသည်ဟုဆိုနိုင်သည်။