Skip to main content

သဘာဝကုန်ကြမ်းပစ္စည်းများဖြင့် အဓိကအသုံးပြုထုတ်လုပ်ထားသည့် မြတ်ဧကရီ ဆံသားထိန်းသိမ်းမှု အသေးစားထုတ်ကုန်လုပ်ငန်း

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးက အရေးပါလှသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။

ငြိမ်းချမ်းရေးတံခါးခေါက်သံ(သို့မဟုတ်) NCA (၈)နှစ်ပြည့်မှသည်….

ငြိမ်းချမ်းရေးဟူသည် “ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက် စသည်တို့ ကင်းမဲ့သောအဖြစ်” ဟူ၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပေရာ ငြိမ်းချမ်းခြင်းကို လူသားတိုင်း လိုချင်တောင့်တကြပေလိမ့်မည်။

ဂီတစွမ်းအား ပြည်ထွန်းကား

စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာသည် စည်းရုံးရေးဩဇာရော ပညာပေးဩဇာပါ အစွမ်းထက်မြက်လှသော လူထုဆက်သွယ်ရေးကိရိယာဖြစ်သည်။ သရုပ်မှန်အနုပညာသည် တိုင်းကျိုးပြည်ပြု ပြည်သူ့အနုပညာပင်ဖြစ်သည်။ သရုပ်မှန်အနုပညာသည် ပြည်ထောင်စု မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးနှင့် ဇာတိသွေးဇာတိမာန်ရှင်သန်မှုကို ရှေးရှုပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို များစွာအထောက်အကူပြုပါသည်။ သရုပ်မှန်အနုပညာတွင် ရသမြောက်သော ဖြေဖျော်မှုများပါဝင်ပြီး အမျိုးသားရေးကို သွေဖည်ဆန့်ကျင်ခြင်း လုံးဝမရှိပါ။

ကွက်စိပ်သဘင်

သုခုမသဘင်ဖြစ်သော ကွက်စိပ်စာဟောသဘင်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ ပြန်လည်မြင်တွေ့ နားသောတဆင်ကြရသဖြင့် ကွက်စိပ်ကြိုက်နှစ်သက်သူပရိသတ်များ ကျေနပ်ကြရသည်။ မြန်မာ့ရိုးရာတစ်ခုဖြစ်သော စာဟောသဘင် သို့မဟုတ် ကွက်စိပ်စာပြောသဘင်တို့ တိမ်မြုပ်ခဲ့သည်မှာကြာပြီဖြစ်သည်။ ပြိုင်ပွဲကြီး၏ကျေးဇူးကြောင့် စာဟောဆရာတို့ ပြန်လည်နိုးထလာခွင့်နှင့်အတူ စာပေအသီးအပွင့်တို့လည်း ဖူးပွင့်ခွင့်ရလာခဲ့ကြတော့သည်။

မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းဖြည့်ဆည်းပေးကြရမည့် သက်ကြီးရွယ်အိုများအခွင့်အရေး

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး တစ်နည်းအားဖြင့် သက်ကြီးရွယ်အိုများအခွင့်အရေးကို ကုလသမဂ္ဂအဖွဲ့ကြီးက လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကပင် စတင်အာရုံစိုက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပထမအကြိမ်၊ ၂၀၀၂ ခုနှစ်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ဒုတိယအကြိမ် ကမ္ဘာ့သက်ကြီးရွယ်အိုညီလာခံများ ကျင်းပကာ ရှေ့လုပ်ငန်းစဉ်များချမှတ်ပေးခဲ့သည်။

တစ်ဦးကျန်းမာ အားလုံးတွက်တာ၊ အားလုံးအတွက် ပန်းတိုင်တစ်ချက်

တိရစ္ဆာန်ဆေးကုဆရာဝန်လည်းဖြစ်၊ ပညာရပ်ဆိုင်ရာစာပေများကိုရေးသားသော စာရေးဆရာလည်းဖြစ်သောကြောင့် တိရစ္ဆာန်အကိုက်ခံရ၍ မေးမြန်းကြသော မေးခွန်းများကို အင်တာနက်မှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဖြေကြားရသောအခါ အလျင်ဆုံးပြန်လည်မေးမိသည့် မေးခွန်းများသည် “ဘ”နှင့် စသော မေးခွန်းများဖြစ်ကြပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းအထူးအဖွဲ့(၁၄)မှ တာဝန်ယူဖောက်လုပ်ခဲ့သော ကွမ်းခြံကုန်းမြို့ရှောင်လမ်းသစ်ကြီး

ကွမ်းခြံကုန်းမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းပါဝင်ပြီး ရန်ကုန်မြို့၏ တစ်ဖက်ကမ်းတွင်ရှိသည်။ ထိုမြို့လေးသည် ဖျာပုံမှတစ်ဆင့် ပင်လယ်ကမ်းစပ်မြို့များသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်းမှတစ်ဆင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ဒေးဒရဲမြို့၊ ဖျာပုံမြို့၊ ဘိုကလေးမြို့၊ ကျိုက်လက်မြို့ အစရှိသည့်မြို့များနှင့် ဆက်သွယ်ထားသော လမ်းပေါ်တွင်တည်ရှိသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ပေး

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ စီးပွားရေးရာလုပ်ငန်းအဖြာဖြာတို့အနက် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရိုးရာအစားအစာများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို ကမ္ဘာ့အလယ်မှာအများက သိအောင်လုပ်ဆောင်ပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေကိုလည်း ရှာဖွေပေးနေသောလုပ်ငန်းကြီးတစ်ခုဖြစ်ပါသည်။

ငါးမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး သက်ရှိအစာ ရေချိုရိုတီဖာနှင့် ရေချိုရေညှိမွေးမြူပေး

မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှပါဝင်နေပေရာ မွေးမြူထုတ်လုပ်ရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ တိရစ္ဆာန်အစာလုံလောက်ရုံမျှနှင့် မပြည့်စုံနိုင်ဘဲ ၎င်းတိရစ္ဆာန်အစာများမှ မည်မျှအသုံးချနိုင်မှုရှိသည် (Digestibility) သို့မဟုတ် မည်မျှ အကျိုးသက်ရောက်မှုရှိသည် (Net Energy)တို့ကို သိရှိရန်လိုအပ်ပေသည်။

အွန်လိုင်းပေါ်မှ လိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ သတိထားပါ

သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေ အားကောင်းလာတဲ့ခေတ်ကာလမှာ ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေပါလာတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုးတွေကြောင့် အမှန်တရားတွေ တိမ်သလာဖုံးသလို အမှန်ကို ရှာရဖွေရခက်လာတတ်ပါတယ်။ ဒါကြောင့်လည်း ‘အမှန် တရားက ဖိနပ်စီးဖို့လုပ်နေတုန်း အမှားက ကမ္ဘာတစ်ပတ်ပတ်ပြီးပြီ’လို့ ပြောလာကြပါတယ်။ “ကိုယ့်ရှူးကိုယ်ပြန်ပတ်” “ကိုယ့်အတတ်ကိုယ်ပြန်စူး”ဆိုသလို နည်းပညာတွေ စတင်ဖန်တီးခဲ့တဲ့ နိုင်ငံကြီးတွေဟာလည်း နည်းပညာကြောင့်ပဲ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ထိခိုက်လာတာကြောင့် အကာအကွယ်အတားအဆီးတွေ ပြုလုပ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။
Subscribe to ဆောင်းပါး