အင်ဒိုနီးရှားနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား လေ့လာခြင်း
လေ့လာမှုစစ်တမ်းအရ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် မရှိမဖြစ် အရေးပါလျက်ရှိသည်ကို တွေ့ရှိရပြီး အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို သိသိသာသာလျော့ကျသွားစေကြောင်း တွေ့ရှိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့်အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကို ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ် ဦးတည်ဆောင်ရွက်ခြင်း၊ ဗဟိုချုပ်ကိုင်မှုစနစ်ကိုဖြေလျှော့ပြီး ဒေသဆိုင်ရာအစိုးရများက ဦးဆောင်၍ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ခြင်းတို့ကို မူဝါဒပိုင်းအရချမှတ်သင့်ပါကြောင်း အကြံပြုတင်ပြထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
