အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွစေခဲ့သော မမေ့သင့် မမေ့အပ်သည့် နေ့ထူးနေ့မြတ်
အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသည့် နေ့ရက်တစ်ရက်ဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့တို့လက်အောက် ကျရောက်စဉ် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများစွာအနက်မှ နယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်သပိတ်မှောက်ရာမှ အမျိုးသားရေး နိုးကြားတက်ကြွမှု ဖြစ်လာစေသည့် အမျိုးသားနေ့သည် မြန်မာနိုင်ငံအတွက် နှစ်ပေါင်းတစ်ရာကျော်သည့် ယနေ့ထိတိုင် အရေးပါနေဆဲဖြစ်သည်။
