Skip to main content

Nov 23, 2020

(၂၂-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၉၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀) အချိန် က လယ်ဝေးမြို့ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား ၁၂၀ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၉ ဦးအား ဟောင်ကောင် မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အစီအစဉ်ဖြင့် (၇) ကြိမ်မြောက်အဖြစ် China Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာနများသို့ ငွေကျပ်သိန်း ၁၃၄၃၀ နှင့် နှလုံးခုန်စက် ငါးလုံး၊ အောက်ဆီဂျင်စက် ၁၁၇ လုံး ပေးအပ်လှူဒါန်း ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park ရှိ Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာစာမူများ ရေးသားပေးပို့နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖိတ်ခေါ်ခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်ကဗျာ ပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

မျက်မှောက်ကာလတွင် လူမှုဘဝနယ်ပယ်၌ စီးပွားရေး၊ လူမှုရေး စသည့် အရေးကိစ္စအမျိုးမျိုးတို့ဖြင့် နိစ္စဓူဝ နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်ကြသည် မှန်သော်လည်း မိမိတို့၏ရင်သွေး၊ မိမိတို့၏ကလေးသူငယ်များကို မေ့လျော့ပစ်ပယ်ထားခြင်း အလျင်းမပြုမိစေဘဲသတိပြုစောင့်ရှောက်ပေးသင့် ပေသည်။ ကလေးသူငယ်ဆိုသည်မှာ အသိမကြွယ်အားငယ်သောအရွယ်ဖြစ်၍ မဖြစ်သင့်မဖြစ်ထိုက်သော အမှုကိစ္စများမဖြစ်ရလေအောင် ဂရုစိုက် စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2020

ရွေးကောက်ပွဲပြီးဆုံး၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းရလဒ်များ ကြေညာပြီးသည့်နောက် ပြည်သူလူထုသည် ပြည်သူ့အစိုးရအဖွဲ့သစ်နှင့် နောက်ငါးနှစ်အတွက် အခြေခံမူဝါဒ လုပ်ငန်းစဉ်များကို မျှော်လင့်နေကြချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော ဦးထိုက်ဇော် လုပ်ကြံခံရသည်ဟု သိရသည်။ ဦးထိုက်ဇော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်မှ မဲအနိုင်ရကာ ရွေးချယ်ခံရသူ ဖြစ်ပါသည်။ သူ၏နေအိမ်ရှေ့တွင် မသမာသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်း ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၏ (၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက် (Version4.0) နှင့် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏ စစ်ဆေးချက်ပုံစံ (၁၈) ချက်တွင် မိမိလုပ်ငန်းခွင်နှင့် လိုက်လျော ညီထွေရှိသည့်အချက်များကို လိုက်နာဆောင်ရွက်ထားပါက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့်အချိန်မှစ၍ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး လူသေဆုံးမှုများလည်း များပြားလာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စီမံချက်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသားအဆင့်စီမံကိန်း ဦးဆောင် ကော်မတီ- NPSC ၏ ဒုတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ရုံးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

နေပြည်တော် နိုဝင်ဘာ ၂၁

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၆ ဦးအား နယူးဒေလီမြို့ရှိ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ယခုရက်ပိုင်းအတွင်း၌ ကူးစက်ဖြစ်ပွားနှုန်းတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မီကာလက ရောဂါဖြစ်ပွားမှုမှာ တွေ့လူနာ နေ့စဉ် တစ်ထောင် ဝန်းကျင်နှင့်အောက်ရှိခဲ့ရာမှာ ရွေးကောက်ပွဲအပြီး တစ်ပတ်၊ ဆယ်ရက်ကြာသည်နှင့် ပိုးတွေ့လူနာ နေ့စဉ်တစ်ထောင့်ငါးရာနှင့် အထက် ရှိလာသည် ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 22, 2020

 ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်မြင့်မားကာ ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်အန္တရာယ်ပြု သည့် အချိန်မှစ၍ နိုင်ငံတကာက နိုင်ငံရေးခေါင်းဆောင်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်တတ်ကျွမ်း သူပညာရှင်များ၊ သုတေသနသမားများ စသည့် ကဏ္ဍအသီးသီး၊ ပညာရပ်နယ်ပယ်အသီးသီးက ရှိသမျှစွမ်းအားမျိုးစုံ ထုတ်ကာ ကိုဗစ်ဘေးကို ကာကွယ်တားဆီးရန်၊ ထိန်းချုပ်ရန်ကြိုးပမ်း ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) နှင့် အပြည်ပြည်ဆိုင်ရာ ပင်မ ဝင်ပေါက် ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထား သည့် Campana Mythic Co.,Ltd သည် မြန်မာ-စင်္ကာပူ အပြည်ပြည် ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် သွယ်တန်းခြင်းလုပ်ငန်းကို MV.Majestic Seven (Call Sign: XYGK), Asean Protector (Call Sign: 9VYR5) Royal Nadi သင်္ဘော သုံးစင်းတို့ဖြင့် Point. A1 တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၃၁ မိနစ် ၉၁၉ စက္ကန့်

ဆက်လက်ဖတ်ရှုရန်

Nov 21, 2020

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်