Mar 06, 2022
၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက် နံနက် ၈ နာရီခွဲခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ချောင်းနားတိုက် ကျေးရွာနေ ဦးအောင်မျိုး( ၂၀ နှစ်)၊ (ဘ)ဦးဝင်းဆောင် သည် ၎င်းဇနီး၏ မိဘများနေထိုင်ရာ ဇီးတောတိုက်ကျေးရွာများသို့ အလည်ရောက်ရှိနေစဉ် မျက်နှာတွင် Mask များတပ်ဆင်ထားသော PDF အကြမ်းဖက်သမား ၂ ဦး နေအိမ်ခြံဝန်းအတွင်းရောက်ရှိလာပြီး အိမ်ရှေ့ကုလားထိုင်တွင် ထိုင်နေသည့် ဦးအောင်မျိုးအား လက်နှစ်ဖက်ဦးခေါင်းပေါ်တင်ခိုင်း၍ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ပြီး ပြန်လည်ထွက်ခွာ သွားကြောင်းသိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ဦးအောင်မျိုး၏ ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သက်ဆိုင်ရာပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 06, 2022
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မတ် ၄ ရက်တွင် သင်တန်းဆင်းခဲ့သော မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀) သစ်လွင် ဆရာ ဆရာမများအား လုပ်ငန်းခွင်မဝင်မီ မန္တလေးမြို့သို့ လာရောက်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
Mar 06, 2022
ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်နှစ်က စားသုံးဆီဖူလုံမှု ၉၃ ရာခိုင်နှုန်းမှ ယခုနှစ်တွင် နေကြာသီးညှပ် စိုက်ပျိုးနိုင်ရေး ဆီထွက်နေကြာမျိုးများ အခမဲ့ဖြန့်ဝေစိုက်ပျိုးစေခဲ့ရာ ဒေသတွင်းစားသုံးဆီဖူလုံမှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထပ်မံ၍ ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်ရေး လာမည့်နှစ်တွင် နေကြာဧက ၈၅၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ် ၄ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံပိုလျှံမှုရှိစေရန် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
Mar 06, 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းတွင် ယာယီနေထိုင်လျက်ရှိသည့် ဘင်္ဂါလီလူမျိုး အိမ်ထောင်စုဝင် မိသားစုများအား ပြန်လည်နေရာချထားရန်အတွက် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(စစ်တွေ) လုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDP Camp တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Mar 06, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 06, 2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နယ်မြေခံတပ်ရင်းများတွင် မွေးမြူထားရှိသည့် ဥစားကြက်မွေးမြူရေးခြံ၊ အသားတိုးကြက်ခြံနှင့် DYL ဝက်မွေးမြူရေးခြံ၊ ဒေသနွားမွေးမြူရေးခြံနှင့် ဆောင်းသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Mar 06, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မတ် ၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၃ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၇ ဦး၊ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း ၁၉၇ ဦး တို့ကို လည်းကောင်း လက်ခံခဲ့ကြသည်။
Mar 06, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဓာတ်ပုံပြိုင်ပွဲ ဆုရွေးချယ်စိစစ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓာတ်ပုံပြိုင်ပွဲဆုရရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Mar 06, 2022
မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် လည်းကောင်း၊ အင်အားကြီးနိုင်ငံများ အားပြိုင်မှုကြောင့် လည်းကောင်း ကမ္ဘာပေါ်ရှိနိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး ဂယက်ရိုက်ခတ်မှုများနှင့် ကြုံတွေ့နေရသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုမှာ စီးပွားရေး ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးနှင့် ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ကုန်စည်ဈေးနှုန်းများ တက်လာမှုများနှင့် ကြုံတွေ့လျက်ရှိသည်။
Mar 06, 2022
ဆီသည် လူတို့အတွက် အင်အားဖြစ်စေသော အစာအုပ်စုထဲတွင် ပါဝင်သည်။ သို့ရာတွင် လိုသည်ထက်ပို၍ စားသုံးလျှင်မူ အင်အားဖြစ်သည်ထက် ရောဂါထူပြောလာနိုင်သည်။ ထို့အပြင် စားသုံးရန်မသင့်သည့် ဆီအမျိုးမျိုးတို့ကို နည်းမျိုးစုံဖြင့် ပြုပြင်ဖန်တီး၍ စီးပွားရေး လောဘသမား မသမာသူတို့က ဈေးကွက်တွင် ရောင်းချနေသော ဆီအတုများကို စားသုံးမိပြန်လျှင်လည်း ပို၍ပင် အကျိုးနည်းကြလိမ့်ဦးမည် ဖြစ်သည်။ ဆီအတုများက ဆီအစစ်များထက်ပင် ပို၍အရောင်လှ၊ ပို၍အနံ့မွှေးပြီး ရောင်းချရာတွင် ပို၍မျက်နှာပန်း လှသည်ဟုဆိုကြရာ စိုးရိမ်ထိတ်လန့်ဖွယ်ရာဟုပင် ဆိုရမည်။
Mar 05, 2022
အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအားဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
Mar 05, 2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဈေးတန်းလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၁)အား မတ် ၄ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်အမျိုးသား ၁၀ ဦးက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေများလုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
Mar 05, 2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ည)ရပ်ကွက်၊ လေးထောင့်ကန်လမ်းရှိ AGD Bank ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဘဏ်ဓားပြတိုက်သူများအနေဖြင့် HIACE အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ဘဏ်သို့ရောက်ရှိလာပြီး WIFI တပ်ဆင်သူများအသွင်ဖြင့် လုံခြုံရေးဝန်ထမ်း ၃ ဦးအား သေနတ်ဖြင့်ထောက်၍ ချုပ်နှောင်ကာ ဘဏ်၏ ဒုတိယထပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး မီးခံသေတ္တာအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ၍ ဘဏ်စာရွက်စာတမ်းများ၊ ဘဏ်၏ CCTV ထိန်းချုပ်စက်၊ ကွန်ပျူတာများနှင့် ငွေကျပ် ၆၃,၉၅၉,၇၀၁ တို့အား ယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
Mar 05, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Mar 05, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်နှင့်ရခိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသစ်ပြန်လည် ဖွဲ့စည်းအတည်ပြုခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းလျားလမ်းနှင့် ဥယာဉ်လမ်းသွယ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများ ရရှိရေးတို့နှင့်ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 05, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲတို့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကလေးကစားစရာပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၆၇၀,၄၀၀) လည်းကောင်း၊ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ချည်ထည်ကုန်ကြမ်းပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၃၄၄,၉၅၀) လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၀၁၅,၃၅၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 05, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် (သန်လျင်)သို့ ရောက်ရှိခဲ့ပြီး ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား/ ကျောင်းသူအဆောင်များ တည်ဆောက်ရန် ကိစ္စရပ်များ၊ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ အခြေအနေများနှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဘွဲ့ကြို သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်မှုကို ရှင်းလင်းတင်ပြသည်။
Mar 05, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE Engineering Corporation တို့ ပူးပေါင်းဆောင်ရွက်သည့် J & M Steel Solutions Co., Ltd သို့ ရောက်ရှိရာ J & M Steel Solutions Co., Ltd မှ တာဝန်ရှိသူက စက်ရုံအတွင်း သံပေါင်ထုတ်လုပ်မှုကို လိုက်လံရှင်းလင်း ပြသသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပေးပို့မည့် တံတားသံပေါင်များ ထုတ်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
