နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ဂုဏ်ယူဖွယ်ရာ အနာဂတ်ခရီးလမ်း အပိုင်း(၁)
နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းဟာ အလွန်မွန်မြတ်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ ဒီလိုဂုဏ်ယူဖွယ်ကောင်းတဲ့ အမျိုးသားရေးတာဝန်ကို အသက်အရွယ်အရ အကျုံးဝင်သူတွေ တာဝန်သိစိတ်နဲ့ ထမ်းဆောင်ခွင့်ရရှိစေဖို့အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပါတယ်။
