Skip to main content

ပြည်မြို့၌ ပြည်သူများအား အပြင်ထွက်တိုင်း (mask)နာခေါင်းစည်း တပ်ဆင်ဖို့မမေ့ရန် နှိုးဆော်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်များ ပူးပေါင်းဆောင်ရွက်

ပြည်မြို့၌ ပြည်သူများအား အပြင်ထွက်တိုင်း (mask)နာခေါင်းစည်း တပ်ဆင်ဖို့မမေ့ရန် နှိုးဆော်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်များ ပူးပေါင်းဆောင်ရွက် ပြည် ဩဂုတ် ၂၄ မင်းမင်းစိုး

ပြည်သူများ ပေါ့ဆ၍မဖြစ်သေးပါ

၂၀၂၀ ပြည့်နှစ် မတ်လဆန်းက ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန် တက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော တပည့်လေးက မေးမြန်းခဲ့ဖူးသည်။

လန်ဒန်တက္ကသိုလ်မှ ဆရာကြီးဂျွန်အိုကယ် (သို့မဟုတ်) မြန်မာစာ-မြန်မာစကားထဲတွင် ဘဝကိုတစ်သက်တာမြှုပ်နှံခဲ့သူ

မြန်မာစာ-မြန်မာစကားထဲတွင် မြှုပ်နှံလေ့လာခဲ့သူ နိုင်ငံခြားပညာရှင်များစွာ ရှိပါသည်။ ထိုပညာရှင်များထဲတွင် လူသိများလှသော (ကမ္ဘာသိ) ပညာရှင်တစ်ဦးမှာ ဆရာကြီးဂျွန်အိုကယ် ဖြစ်ပါသည်။ ဆရာကြီး၏ နာမည်အပြည့်အစုံမှာJohn William Alan Okell ဖြစ်ပါသည်။ ဆရာကြီးသည် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာသင်ကျောင်း (SOAS) တွင် မြန်မာစာ ကထိက၊ မြန်မာစာဝါရင့်ကထိက စသည်ဖြင့် နှစ်ပေါင်း ၃၀ ကျော် ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် မြန်မာစာ- မြန်မာစကားနှင့်ပတ်သက်သော စာအုပ်စာတမ်းများစွာ ရေးသားခဲ့သော ကြောင့် ဆရာကြီး၏နာမည်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို-ဘွဲ့လွန်ကျောင်းသားဘဝ ကပင် ဆရာများထံမှ မကြာခဏ ကြားခဲ့ရဖူးပါသည်။ ဆရာကြီးနှင့် ရင်းနှီးသူများက ကိုအုတ်ခဲဟူ၍ မြန်မာဆန်ဆန်ခေါ်သည်ကိုလည်း ကြားခဲ့ဖူးပါသည်။

မြန်မာစာနှင့် ပါဠိ(၂)

“အရင်တစ်ပတ်က စကားစရင်းနဲ့ မြန်မာစာအရေးအသား မပေါ်ပေါက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ပါဠိစကားကိုအသုံးပြုနေပြီဆိုတဲ့အကြောင်းပြောခဲ့တာ မှတ်မိလား”

ကျွန်တော်နဲ့ တာဝန်ကျေပွန်တဲ့ ရင်းနှီးမြှုပ်နှံမှု

နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့အချက်တစ်ခုက ရင်းနှီးမြှုပ်နှံမှုပမာဏ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် တိုင်းပြည်ရဲ့ ထုတ်လုပ်မှုကို တွန်းအားပေးရာ ရောက်ပါတယ်။ အမှန်တော့ ရင်းနှီးမြှုပ်နှံမှုဟာ အနာဂတ်အတွက် မြှုပ်နှံမှုတွေသာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုကို အားပေးလျက်ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေတင်သာမက ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြတယ်။ အားပေးကြတာတွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို စဉ်းစားတဲ့နေရာမှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ပိုင်းရှိတာကို သတိပြုရမှာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နှင့် မျက်နှာဖုံး (Mask) ပြဿနာ

ပြီးခဲ့သည့်လအတွင်းက ကိုဗစ်-၁၉နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများအကြောင်းကို ဆောင်းပါးရေးသားခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အသွားအလာများကန့်သတ်ထိန်းချုပ်လိုက်သဖြင့် ကာဗွန်ထုတ်လွှတ်မှုလျော့ကျပြီး သဘာဝပတ်ဝန်းကျင် ပြန်လည်သန့်စင်သွားသည့်အကြောင်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။

ဂျပန် - မြန်မာ ချစ်ကြည်ရေး တိုးတက်မှုကိုရည်ရွယ်သည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Motegi ၏ သတင်းစကား

ယနေ့တွင် ကျွန်တော်သည် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်လာရောက်လျက်ရှိပါသည်။ ကျွန်တော်သည် ယခုခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံသို့ သုံးကြိမ်တိုင်တိုင် လာရောက်လည်ပတ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ် ခရီးစဉ်နောက်ပိုင်း ပထမဦးဆုံး လာရောက်ခြင်းဖြစ်သည့် ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၏ သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတော့မည်ဖြစ်သည့်အတွက် အထူးဝမ်းမြောက်စွာ မျှော်လင့်စောင့်စားလျက်ရှိပါသည်။

“ပြည်သူ့ပခုံး၊ ပြည်သူ့မျက်လုံး”အဖြစ် ခံယူဆောင်ရွက်မယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရမှာဖြစ်

နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် စတုတ္ထမဏ္ဍိုင်သတင်းမီဒီယာများအကြား တွေ့ဆုံဆွေးနွေးအဖြေရှာရန် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ်အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ် ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

လက်တွေ့လုပ်ငန်းခွင်သင်တန်းများမှ အတတ်ပညာများဖြင့် စတင်လာတော့မည့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ

သင်တန်းတွင် ကိတ်မုန့်၊ နနွင်းမကင်း၊ ရေခဲမုန့် စသည့် မုန့်လုပ်နည်းများ သင်ကြားပေးလျက်ရှိသည်။ သင်တန်းပြီးပါက Bakery ဆိုင်တစ်ခု ဖွင့်လှစ်ရန် စိတ်ကူးထားသည့်အတွက် မမေဇင်ဇော်သည် ကြိုးစားသင်ယူလျက် ရှိသည်။

မျိုးဆက်သစ် လူရည်ချွန်များအား ဂုဏ်ပြုအပ်ပါသည်

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်က ရွေးချယ်ချီးမြှင့်ခြင်းခံရသည့် မျိုးဆက်သစ်လူရည်ချွန်လေးများအား ဂုဏ်ပြုပွဲကို တစ်နိုင်ငံလုံးရှိ ခရိုင်မြို့အများစုတွင် ၂၁- ၈ - ၂၀၂၀ ရက် သောကြာနေ့က တစ်ပြိုင်နက်ကျင်းပရာ ၁၉၆၄- ၁၉၈၈ ခုနှစ်အတွင်း ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသည့် လူရည်ချွန်ကြီးများက မိမိတို့ နီးစပ်ရာ ခရိုင်မြို့များသို့ သွားရောက်ပူးပေါင်း၍ ဂုဏ်ပြုခဲ့ကြပါသည်။
Subscribe to