ဧရာ၀တီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့သည် ပုသိမ်ခရိုင်အတွင်းတည်ရှိပြီး ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ ရုံးစိုက်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော မြို့နယ်တစ်ခု ဖြစ်ပါသည်။ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များသွားလာရေး၊ နေထိုင်ရေး အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်းကောင်း၊ ပုသိမ်မြို့၏ တိုးတက်လာမှု မြန်ဆန်လာသည်နှင့် ပုသိမ်မြစ်၏အနောက်ဘက်ခြမ်းတွင် မြို့ပြအိမ်ရာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း ရည်ရွယ်ချက်များဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ က ပုသိမ်တံတားတည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။