Skip to main content

အိုဇုန်းလွှာအကြောင်း သိကောင်းစရာ

အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်သော မော်လီကျူး တစ်ခုဖြစ်သည့် အိုဇုန်းဓာတ်ငွေ့သည် အပြာရောင် ဖျော့ဖျော့ရှိပြီး အလွန်အနံ့ပြင်း၍ မြေပြင်ပေါ်တွင် တည်ရှိပါက လေထုညစ်ညမ်းမှု ဖြစ်စေသည်။ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ဆီငွေ့များတွင် အဓိက ပါဝင်သည့် နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင်ဒြပ်ပေါင်းများ (Oxide of Nitrogen)နှင့် အငွေ့ပြန်လွယ်သော အော်ဂဲနစ် G8cule:(Volatile Organic Compound-VOC)ąp: နေရောင်ခြည်နှင့်ဓာတ်ပြု၍ ဖြစ်ပေါ်လာရသည့် အိုဇုန်း ဓာတ်ငွေ့များသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ငါးမိုင်အတွင်းရှိ ထရိုပိုစဖီးယား(Troposphere)အလွှာတွင် တည်ရှိနေပါသည်။

ကောင်းကင်ယံတွင် အစဉ်ပျံသန်းနေဦးမည့် မြန်မာ့အမျိုးသားလေကြောင်း

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သော မြန်မာအမျိုးသား လေကြောင်းသည် လာမည့် စက်တင်ဘာလ (၁၅) ရက်နေ့ဆိုလျှင် (၇၂) ပြည့်မြောက်ပြီဖြစ်သည်။ တကယ်တော့ သက်တမ်း ၇၂ ပြည့်မြောက်ပြီဆိုသော်လည်း အသွင်သစ်ဖြင့် သွေးသစ် လောင်းခဲ့သည်မှာတော့ ငါးနှစ်ခန့်သာ ရှိဦးမည်၊ ယခင် မြန်မာ့လေကြောင်းအမည်နှင့် ရှိနေခဲ့သော အသွင်အပြင် ပုံရိပ်ဒီဇိုင်းနှင့် ခြားနားစွာ အသွင်သစ် ပုံစံဒီဇိုင်းအသစ်နှင့် မြန်မာအမျိုးသား လေကြောင်းဟူသောအမည်ဖြင့်ပြောင်းလဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကျွန်တော်နဲ့ တက္ကသိုလ်ပညာရေး

မကြာသေးမီက မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းတစ်ခုကို ကြားသိရတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၆ ခုမှာ မဟာဌာနတွေ ဖွင့်လှစ်ပြီး သီးခြားရပ်တည်တဲ့ တက္ကသိုလ်များအဖြစ် သတ်မှတ်ရပ်တည်အောင် ဆောင်ရွက်နိုင်မှုပဲဖြစ်တယ်။ အခုလို မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နေတဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို အသိအမှတ်ပြုရမှာဖြစ်တယ်။ အခုလို တက္ကသိုလ်တွေကို နိုင်ငံခြားမှာ တည်ရှိနေတဲ့ တက္ကသိုလ်များနည်းတူ ဖော်ထုတ်နိုင်ခဲ့တာဟာ အောင်မြင်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ မဟာဌာနတွေဟာ သီးခြားရပ်တည်မယ့် တက္ကသိုလ်တွေရဲ့ အခြေခံဖြစ်ပါတယ်။
Subscribe to