နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါဟု ကြားလျှင် ရောဂါအသစ်ဟု ထင်နိုင်စရာ ရှိပါသည်။ သို့သော် ရောဂါ အသစ်မဟုတ်ပါ။ လူအများက ဤရောဂါအမည်ကို မြန်မာလို မယဉ်ပါးသောကြောင့် ဖြစ်ပါသည်။ အင်္ဂလိပ်လို Chronic Obstructive Pulmonary Disease အတိုကောက် COPD ဟု ကျန်းမာရေးဝန်ထမ်းများက ခေါ်ဝေါ်သုံးစွဲနေသော ရောဂါဖြစ်ပြီး လူအများက အဆုတ်ပွရောဂါအဖြစ် သိရှိနေကြပါသည်။