အဖျက်သမားစိတ် အဖျက်သမားလုပ်ရပ် …
ဩဂုတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါထင်ရှားတဲ့ ဂုတ်ထိပ်တံတားကြီးကို TNLA အဖွဲ့က မိုင်းထောင်ဖောက်ခွဲလိုက်တယ်ဆိုတဲ့သတင်းကြောင့် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ကျွန်တော်အလွန်ပဲစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဂုတ်ထိပ်တံတားကြီးဆိုတာက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိတဲ့ တံတားကြီးတစ်စင်းပါ။ ဒီတံတားကြီးတည်ဆောက်ချိန်၊ စတင်အသုံးချချိန်တွေကို သိမီလိုက်တဲ့သူတွေ အခုဆိုမရှိကြတော့ပါဘူး။
