ငှက်နဲ့လူသား မျှဝေခံစား မြို့ပြများ
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့ (World Migratory Bird Day) သည် ကမ္ဘာတစ်ဝန်း ရာသီအလိုက် မိုင်ရာထောင်ချီပြီး ရွှေ့ပြောင်းပျံသန်းသွားလာနေသော ထူးထူးခြားခြား အံ့ဩဖွယ်ငှက်များကို ကာကွယ်ထိန်းသိမ်းရန် ဂုဏ်ပြုသတ်မှတ်ထားသော နေ့ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ရွှေ့ပြောင်း ငှက်များနေ့သည် ရွှေ့ပြောင်းငှက်များနှင့်၎င်းတို့၏ နယ်စပ်ဖြတ်ကျော် ခရီးစဉ်များကို ကာကွယ်ပေးရန် ရည်ရွယ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လှုပ်ရှားမှုများ လည်းဖြစ်သည်။
