Skip to main content

ရန်ကုန်အရှေ့ပိုင်းခရိုင် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး Talk Show ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး Talk Show ကျင်းပ သင်္ဃန်းကျွန်း မတ် ၂၅ ဇော်မိုး(သင်္ဃန်းကျွန်း)

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် . . .

ယနေ့အထိ ကျွန်တော်တို့ကြိုက်နှစ်သက်ဆဲ၊ လေလှိုင်းမှ အမြဲမပြတ်ပျံ့လွင့်လာနေဆဲ  တေး သီချင်းတစ်ပုဒ်ဖြစ်သည့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုသည့်သီချင်းမှာ အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စာသားများရေးသားပြီး ဆရာဦးရွှေတိုင် ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်စေခဲ့ခြင်းဖြစ်သည်ဟု မှတ်သားမိဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကြီးကို အင်အားတောင့်တင်းခိုင်မာအောင် ပြုစုပျိုးထောင်လိုသည်။ တိုးချဲ့ဖွဲ့စည်းရန် ဆန္ဒပြင်းပြခဲ့သည်။ ယင်းသို့ တပ်မတော်အင်အားတောင့်တင်းခိုင်မာပါမှလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

(၁၀) နှစ်တာ လန်ချန်း-မဲခေါင် ကြိုးပမ်းအားထုတ်မှု၊ အေးအတူပူအမျှ အနာဂတ်ဆီသို့ လှမ်းချီစို့

လန်ချန်း-မဲခေါင် ခြောက်နိုင်ငံသည် တစ်မြစ်တွင်းရေအတူ သောက်သုံးကာ ဘဝကံကြမ္မာချင်း တစ်သားတည်း ချိတ်ဆက်နေကြပါသည်။ လွန်ခဲ့သော (၁၀) နှစ်တာကာလ၏ မတ်လ ၂၃ ရက်နေ့တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများ၏ စည်းလုံးညီညွတ်စွာ ကိုယ့်အားကိုယ်ကိုးခြင်းနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုမျိုးစေ့များကို ချခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် မဲခေါင်နိုင်ငံ ခေါင်းဆောင် များ၏ ဦးဆောင်မှုအောက်တွင် ခြောက်နိုင်ငံသည် “တန်းတူရည်တူဆက်ဆံခြင်း၊ စိတ်ရင်းမှန်ဖြင့် အပြန်အလှန်ကူညီခြင်း၊ မိသားစုဝင်များကဲ့သို့ ရင်းနှီးခြင်း”ဆိုသည့် လန်ချန်း-မဲခေါင်ယဉ်ကျေးမှုကို လက်ကိုင်ထားပြီး “ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ခြင်း၊ တန်းတူညီမျှညှိနှိုင်းဆွေးနွေးခြင်း၊ လက်တွေ့ ကျပြီး ထိရောက်ခြင်း၊ ပွင့်လင်းမြင်သာ၍ တံခါးဖွင့်လှစ်ပြီး အားလုံးပါဝင်နိုင်ခြင်း” ဆိုသည့် လန်ချန်း-မဲခေါင် စိတ်ဓာတ်ကို ကျင့်သုံးကာ “နေ့စဉ် တိုးတက်မှုများရှိနေခြင်း၊ လစဉ် ရလဒ်များ ထွက်ပေါ်ခြင်း၊ နှစ်စဉ် အဆင့်သစ်သို့ တက်လှမ်းခြင်း”ဟူသော လန်ချန်း-မဲခေါင် အရှိန်အဟုန်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မျိုးစေ့လေးတစ်ခုမှသည် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ရှင်သန်ကြီးထွားလာခဲ့ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက် အဝန်းတည်ဆောက်ရာတွင် စံနမူနာကောင်းတစ်ခု ဖြစ်လာခဲ့ပါသည်။

မဲခေါင်-လန်ချန်းရွှေရောင်ဆယ်စုနှစ်နှင့် မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး

လူသားတို့၏ ယဉ်ကျေးသောအဖွဲ့အစည်းသမိုင်းအစကို မြစ်ဝှမ်းဒေသကြီးများက ဖန်တီးပေးခဲ့သည်။ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရှာဖွေစားသောက်နေထိုင်ခဲ့ကြသော ကမ္ဘာဦးလူသားတို့သည် စားရေရိက္ခာနှင့် သယ်ယူပို့ဆောင်သွားလာမှုလွယ်ကူသော မြစ်ဝှမ်းဒေသ များတွင် အတည်တကျ အခြေချနေထိုင်လာကြရာမှ လူသားအချင်းချင်း သဟဇာတဖြစ်စေသော ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲဖြစ်ပေါ်ခဲ့ပါသည်။ မြစ်ဝှမ်းဒေသများတွင် လူသားနှင့် သဘာဝတရားအကြား အပြန်အလှန် ထိန်းကျောင်းပူးပေါင်းဆောင်ရွက်မှုများက လူသားတို့၏သမိုင်းကြောင်းကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။
Subscribe to