Skip to main content

ရေတင်များဖြင့် စိမ်းလန်းစေမည့် ညောင်ဦးဒေသ စိုက်ဧကများ

စပါး၊ ပဲ၊ ပြောင်း၊ နေကြာစသည်ဖြင့် စိုက်ပျိုးသီးနှံမျိုးစုံ ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် ညောင်ဦးခရိုင်အတွင်း မြစ်ရေတင်စီမံကိန်းငါးခုကို အကောင်အထည်ဖော်ထားပြီးဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်သော်လည်း စိုက်ခင်းများတွင် ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် မြစ်ရေတင်များ တည်ဆောက်ထားရှိမှုကြောင့် စိုက်ပျိုးရေရရှိနေသဖြင့်တောင်သူများက သီးနှံအထွက်တိုးရေး ကြိုးပမ်းအားထုတ်လျက်ရှိသည်။

မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်း

မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group) အဖွဲ့။ အမည်သညာက ထူးခြားမှုသိပ်မရှိသော်လည်း ခပ်ဆန်းဆန်းဖြစ်နေသည်။ တစ်အိမ်တက်ဆင်းဆိုသည့်အတွက် အိမ်တိုင်းစေ့ရောက်အောင်သွားကာ လိုအပ်သည့်စာရင်းများ ကောက်ယူရမည့်အဖွဲ့ဖြစ်သည်။ စာရင်းကောက်အဖွဲ့ပေါင်းများစွာဖြင့်

ရာသီမရွေး စိုက်ပျိုးရေရရှိရေး ဆင်တပ်လျှပ်စစ်မြစ်ရေတင်အား ဆိုလာစနစ်တွဲဖက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတွင်တည်ရှိပြီး ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကြီးဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်ကာ မြန်မာနိုင်ငံ၏ဒုတိယစပါးကျီဟုလည်း တင်စားရမည်ဖြစ်သည်။

ပူဇာစ ပူဇနေယျာနံ

၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့မှာ နိုင်ငံတော်က ဆက်ကပ်လှူဒါန်းအပ်နှင်းတဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများထဲမှာ တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားပြီး ဩဇာတိက္ကမကြီးတဲ့၊ ပျံလွန်တော်မူပြီးဖြစ်တဲ့ လယ်တီဆရာတော်ကြီး၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးနဲ့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ပါဠိ-ရိုမန်) ဆရာတော်ကြီးတွေလည်း ပါဝင်တာတွေ့ရတော့ ဝမ်းမြောက်နုမော် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိတယ်ကွယ်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ ကုန်ထုတ်လုပ်မှုစွမ်းအားမြှင့်တင်စို့

ကမ္ဘာတစ်ဝန်းရှိ ဒေသများအားလုံးသည် ၁၉၉ဝ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အကြား ပျမ်းမျှအားဖြင့် လူသားဖွံ့ဖြိုးမှုတိုးတက်လာသော်လည်း လူဦးရေ ၁ ဒသမ ၅ ဘီလီယံနီးပါးတို့မှာ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းတို့တွင် နိမ့်ကျနေခြင်းနှင့်အတူ ဆင်းရဲနွမ်းပါးမှုအခြေအနေ အမျိုးမျိုးအောက်တွင် နေထိုင်ကြရသည်။

နှစ်သစ်မှာ ကြွေးသစ်မတင်စေချင်၊ နှစ်ဟောင်းက ကြွေးဟောင်းသာဆပ်စေချင်

အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေ၊ ဖိစီးမှုတွေ၊ သံသယတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊ သောကတွေနဲ့ ကမ္ဘာကြီးက မငြိမ်းချမ်း။ မငြိမ်းချမ်းမှုရဲ့ မူလအစက ရောဂါကပ်၊ နေရာအနှံ့မှာဖြစ်နေတဲ့ ကန့်သတ်စစ်။ ရောဂါနဲ့စစ်ပွဲနဲ့ပေါင်းမိတော့ စီးပွားပျက်။ စီးပွားကပ်ရဲ့အကျိုးဆက်က ဆင်းရဲမှုနဲ့အငတ်ဘေး။ အလှုပ်အယမ်းကြမ်းလွန်းတဲ့ ဗဟိဒ္ဓကမ္ဘာကြီးက အနေအထားအရ ငြိမ်းချမ်းဖို့လမ်းစ တော်တော်နဲ့မမြင်၊ မိမိအဇ္ဈတ္တအတွင်းသဏ္ဌာန်မှာ ငြိမ်းချမ်းဖို့သာအဓိကဖြစ်လာတဲ့အခါ မိမိစိတ်လေးငြိမ်းချမ်းမှုရဲ့ လမ်းစကိုသာ ရှာနေမိတော့တယ်။ တစ်ကျော့ပြန်ကိုဗစ်နဲ့ မုန်တိုင်းနှင်းထူကြားမှာ နောက်ထပ် မမြင်ချင်၊ မကြားချင်လောက်တဲ့ အနိဋ္ဌာရုံတွေကို စိတ်မချမ်းမသာဖြစ်နေသူတွေ၊ အလွန်အကျွံတွေးနေမိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက်....

(၇၅)နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးကြီး အဓွန့်ရှည်ပါစေ

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ပြာသိုလဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေ့ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ (၇၅)နှစ်ပြည့်မြောက် စိန်ရတုမင်္ဂလာအခါသမယဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅)နှစ် မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့နိုင်ငံများအကြား ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ရှိ ချက်စတာဘက်တီ စာကြည့်တိုက်ထဲက ပုဂံမင်းပုရပိုက်

အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့ရှိ ဒပ်ဘလင်တက္ကသိုလ်ကကြီးမှူး၍ အရှေ့တောင်အာရှ ရှေးဟောင်းသုတေသန ပညာရှင်များဆိုင်ရာ ဥရောပအသင်း၏ (၁၄) ကြိမ်မြောက် နိုင်ငံတကာစာတမ်း ဖတ်ပွဲ (European Association of Southeast Asian Archaeologists Conference 14th International EurASEAA14)ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈-၂၁ ရက်နေ့အထိ ကျင်းပခဲ့ရာသို့ သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေဖြင့် သုတေသနစာတမ်းတစ်စောင် သွားရောက်ဖတ်ကြားခဲ့ပါသည်။ မိမိစာတမ်းမှာ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနသုံးခုနှင့် သုတေသနဆောင်ရွက်နေကြသောလုပ်ငန်းများအပေါ် လေ့လာသုံးသပ်သော စာတမ်းဖြစ်ပါသည်။ ဖတ်ကြားရသော ဒပ်ဘလင်တက္ကသိုလ်ကလည်း ဒပ်ဘလင်နန်းတော်ဟောင်းနေရာတွင်ပင်ဖြစ်ပါသည်။ အိုင်ယာလန်နိုင်ငံသံရုံးမရှိသောကြောင့် ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက် ထိုင်းနိုင်ငံဘန်ကောက်သို့ နိုင်ငံကူးလက်မှတ်ပေးပို့ယူရခြင်း၊ transit ပြုလုပ်ရန် ဗြိတိသျှသံရုံး ဗီဇာလျှောက်ထားရခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရပါသည်။

စိန်ရတုမှသည် ကမ္ဘာတည်သရွေ့ လွတ်လပ်ရေးနေ့ပေါင်းများစွာဆီသို့ . . . . 

မြန်မာတွေ ကျွန်ဘဝမှလွတ်ကင်းပြီး သခင်ဘဝကို ပြန်လည်ရောက်ရှိခဲ့ကြသည်မှာ စိန်ရတုခရီးပင်ရှိခဲ့ပါပြီ။ လွတ်လပ်ရေးရယူစဉ်တုန်းက ကြိုးပမ်းခဲ့ကြသူတိုင်းတွင် တစ်စိတ်တည်း၊ တစ်ဆန္ဒတည်းဖြင့် လွတ်လပ်ရေးကိုအရယူမည်ဟု သန္နိဋ္ဌာန်ချခဲ့ကြပေသည်။ မျိုးဆက်သာပြောင်းခဲ့သည်။ ထိုပြင်းပြသည့် မွန်မြတ်စိတ်ထားသည် မပြောင်းလဲခဲ့ပေ။
Subscribe to ဆောင်းပါး