ဖွံ့ဖြိုးရှင်သန်လှပ မဲနယ်တောင်တန်းဒေသ (၂)
မဲနယ်တောင်တန်းကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း၌ တည်ရှိပေသည်။ ရှမ်းပြည်နယ်တွင် မဲနယ်တောင်ကို မသိသူအလွန်ရှားသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမှ ကယားပြည်နယ် လွိုင်ကော်သို့ကားဖြင့် ခရီးသွားတိုင်း အမြဲတမ်းလိုလို ဟိုပုံး-နမ့်ခုတ်-နောင်မွန်- ဘန်းယဉ်- ဆိုက်ခေါင်- ဆီဆိုင် အစရှိသော မြို့ရွာများကို ဖြတ်သန်းမောင်းနှင်လျက် ညို့ညို့မှိုင်းမှိုင်း မဲနယ်တောင်တန်းကြီးကို လှမ်းငေးမော၍ ကြည့်ရှုခဲ့ရပါသည်။ မဲနယ်တောင်တန်းကား တောင်စဉ်အထပ်ထပ် လျှိုမြောင်အသွယ်သွယ်တို့ဖြင့် စိမ်းလန်းစိုပြည်လှပနေပေ၏။
