ငါးမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး ရေအရည်အသွေး ဂရုစိုက်ပေး
ငါးသည် မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုဟင်းလျာတွင် နေရာယူထားလျက်ရှိနေပေသည်။ မြန်မာလူမျိုးအများစုမှာ ရေငန်ငါးများထက် ရေချိုငါးများကို ပိုမိုကြိုက်နှစ်သက်ပြီး မြန်မာနိုင်ငံတွင် မြစ်ချောင်း အင်းအိုင်များပေါများသည့်အလျောက် ပြည်တွင်းငါးစားသုံးမှုအတွက် အထောက်အကူပြုလျက်ရှိပါသည်။ ငါးသည် အဆီနည်းပြီး ပရိုတင်းဓာတ်ကြွယ်ဝကာ မွေးမြူရေးတိရစ္ဆာန်အသားနှင့်နှိုင်းယှဉ်ပါက ဈေးသက်သာသောကြောင့် လူအများဝယ်ယူစားသုံးနိုင်သည့် စားသောက်ကုန်အမယ်တစ်ခုလည်း ဖြစ်ပါသည်။
