မြန်မာ့သံမဏိအနာဂတ်နှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၈-၂-၂၀၂၃ ရက်နေ့က တောင်ကြီးမြို့နယ် ပင်းပက်ဒေသပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)ကို လာရောက်စစ်ဆေးစဉ် “နိုင်ငံတော်တည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းလိုအပ်ချက် များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများအားအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
