မြေပြိုမှုအန္တရာယ် သတိပြုစေလို
သဘာဝဘေးအန္တရာယ်သည် လူသားတို့ကို တစ်နေ့တခြား ပိုမိုခြိမ်းခြောက်လာလျက်ရှိရာ အထူးသဖြင့် မိုးရာသီတွင် ရေကြီးခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်။ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ကျရောက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပွားခဲ့သော သေကျေဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့သည် လွန်စွာများပြားလျက်ရှိသည်။
