Skip to main content

Nov 07, 2020

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲသည် ကနဦး အထူးအရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တက်လှမ်းစ မြန်မာနိုင်ငံတွင် ဒီမိုကရေစီယဉ်ကျေးမှု အလျင်အမြန်ထွန်းကားနေသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီစနစ်ကို အသက်ဝင်စေသည့် ရွေးကောက်ပွဲ အတွေ့အကြုံနုနယ်သေးသော်လည်း စိန်ခေါ်မှုများကြားမှပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းအားထုတ်နေသည်။ ။

ဆက်လက်ဖတ်ရှုရန်

Nov 07, 2020

မနက်ဖြန် (နိုဝင်ဘာလ၈ရက်နေ့)တွင် ဆန္ဒမဲပေးကြရတော့မည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အချိန်မှန် ကျင်းပခြင်း၊ ဆန္ဒမဲပေးရန် အရည်အချင်းနှင့် ပြည့်စုံသူတိုင်း မိမိတို့၏ဆန္ဒနှင့်အညီ လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ရရှိခြင်းတို့က ဒီမိုကရေစီစံနှုန်းများတွင် အခြေခံအကျဆုံးဖြစ်သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ခြင်းနှင့် ကိုယ်တိုင်ဝင်ရောက်ရွေးချယ်ခံခြင်းတို့က နိုင်ငံသားများ၏ မူလ အခွင့်အရေးများလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

(၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၄၄၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁,၃၄၂)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဦးကို စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၂၅) ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှု သေချာစေရေးအတွက် နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (ToR) မူကြမ်း ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား ယနေ့ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

၂၀၂၀ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ မွန်းလွဲ(၁၄:၅၀)မိနစ်ခန့်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ အုန်းတောတာလမ်းရှိ ပဲခူးတိုင်းဒေသကြီး ကော်မရှင်ရုံးခြံဝင်းအတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

(၂၄) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများ အဆင့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူး၍ ဗီဒီယို ကွန့်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူ များက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်ရှိ မြန်မာ - ထိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်း နှင့် ပဲခူးတိုင်းဒေသကြီး သပြု - ရှမ်းကံ - ကဝ လမ်းအား ဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (ဒါးပိန် - သပြု) ဖွင့်လှစ်ပေးခြင်းအား ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ သီရိငါးမြို့နယ်နှင့် ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မဲရုံများသို့ လာရောက်မဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများ ကျန်းမာရေးနှင့်အညီ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ရေး မဲရုံများအားလုံး ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် ရန်ကုန် ခုတင် ၅၀၀ အထူးကုဆေးရုံကြီးသို့ အလှူရှင် အမေရိကန်နိုင်ငံ Seattle မြို့နေ Hissho Sushi ၏ တည်ထောင်သူ Mr. Philip Maung မှ Powered Air-purifying Respirator (PAPR)များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များ ယာယီရပ်ဆိုင်းထားမှုကြောင့် မလေးရှားနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ (ထိန်းသိမ်းခံ မြန်မာနိုင်ငံ သားများ၊ အလုပ်လက်မဲ့ဖြစ်နေသည့် တရားဝင် မြန်မာအလုပ်သမားများ၊ အထောက်အထားမဲ့/ တရားမဝင် မြန်မာနိုင်ငံသားများ၊ မြန်မာသင်္ဘောသားများ) ကို မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ပထမအကြိမ် အာဆီယံ ဆိုက်ဘာလုံခြုံရေး ပူးပေါင်းကော်မတီ အစည်းအဝေး (1st ASEAN Cybersecurity Coordinating Committee Meeting– 1st ASEAN Cyber-CC Meeting) အား ယနေ့မွန်းလွဲပိုင်းက လာအိုနိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံ၍ အွန်လိုင်းဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်၊ ရာပြည့်သဘင်အား ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်အငြိမ့်အဖွဲ့များ၏ ဖျော်ဖြေပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်တင်ဆက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ အထူးဂရုပြုပြီး စီစဉ်ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်း၌ ယခု နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ ကာလအတွင်း ထုတ်ပြန်ထားသော ဥပဒေစည်းကမ်းများနှင့်အညီ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ခဲ့ကြရာ ယနေ့ည ၁၂ နာရီမှစ၍ ထိုလုပ်ငန်းစဉ်များအားလုံး ပြီးဆုံးပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 06, 2020

မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲက ငါးနှစ်တစ်ကြိမ် ကျင်းပသည်ဖြစ်ရာ ယခုလာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာပြည်သူတို့ မဲပေးကြရတော့မည်ဖြစ်ပါသည်။ ၁၉၉ဝ ပြည့် ကာလတုန်းက အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ပြီး ကာမှ ထိုစဉ်က အာဏာသိမ်းအစိုးရက လွှတ်တော်ခေါ်မပေး၊ အစိုးရ အာဏာလွှဲပြောင်းမပေးခဲ့။ ပြည်သူ့ကိုယ်စားလှယ်အများစုမှာ ဖမ်းဆီး နှိပ်စက် ထောင်သွင်းအကျဉ်းချခံခဲ့ကြရ။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2020

(၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၈၆၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၉၅)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2020

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၈) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီ အစည်းအဝေး (The 8th Meeting of the Council of ASEAN Chief Justices)" သို့ နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2020

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့များဖြစ်သော MSME အေဂျင်စီ၊ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေး အဖွဲ့တို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန SME Center (ရန်ကုန်) တို့တွင် Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 05, 2020

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး) နှင့် အပြည်ပြည်ဆိုင်ရာ ပင်မ ဝင်ပေါက် ထွက်ပေါက်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် Campana Mythic Co.,Ltd သည် မြန်မာ-စင်္ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်သွယ်တန်း ခြင်းလုပ်ငန်း ကို MV.Majestic Seven (Call Sign: XYGK), Asean Protector (Call Sign: 9VYR5) Royal Nadi သင်္ဘော (၃) စီးတို့ဖြင့် Position A တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၃၁ မိနစ် ၁၁၉ စက္ကန့် ၊

ဆက်လက်ဖတ်ရှုရန်