Dec 21, 2020
COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၃၅) ဦးအတွက်
Dec 21, 2020
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 21, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်း ပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
Dec 21, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကိုယ်ဝန် ဆောင် မိခင်များနှင့် ၎င်းတို့မှမွေး ဖွားလာသော အသက် ( ၂ ) နှစ်အောက် ကလေးငယ် များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် ( MCCT ) ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့ မဲနယ်တောင် ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 21, 2020
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်း သည် ယမန်နေ့က တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန် - ပြည် - မကွေး - မန္တလေးလမ်း မိုင် (၂၆၁/၅ - ၂၆၁/၆) အကြားတွင် တံတားအထူးအဖွဲ့ (၃)မှ တာဝန်ယူ တည်ဆောက်နေသော တံတားအမှတ် (၂/၂၆၂) ပရပ်ကျယ်တံတား တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ ရာ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးတင်နိုင်ကိုကိုက ယာယီလမ်းလွှဲ တံတားနှင့် တံတားတည်ဆောက်ပြီးစီး မှုများကို ရှင်းလင်းတင်ပြသည်။
Dec 21, 2020
ရန်ကုန်မြစ်အတွင်း နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်အတွက် ဖွင့်ပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းအနီးရှိ ကျန်းမာရေးဆိပ်ကမ်း ၌ ယနေ့ညနေပိုင်းက ကျင်းပသည်။
Dec 21, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကူး တရားအလှူတော် ဓမ္မ သဘင်အား ၁၃၈၂ ခုနှစ် နတ်တော် လပြည့်ကျော် ၃ ရက်မှ ၉ ရက်အထိ (၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက် အထိ) ခုနစ်ရက်တိုင်တိုင် အွန်လိုင်း စနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့် ပြသ သွားမည်ဖြစ်သည်။
Dec 21, 2020
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်မှုနှုန်း ကျဆင်း လာပါက ဝမ်းမြောက်ကြရပြီး ထိုနေ့အတွက် မင်္ဂလာရှိလှပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်း တိုးလာလျှင် စိုးရိမ်ပူပန်မှုဖြစ်ကြရပြီး ထိုနေ့အတွက် စိတ်မချမ်းမသာဖြစ်ကြရပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်း များကို အသိတရားဖြင့်သတိထားပြီး ကိုယ်စီလိုက်နာ ခြင်းဖြင့် ပြည်သူများ စိတ်ချမ်းသာအောင် ဆောင်ကြဉ်း ပေးသင့်ပေသည်။
Dec 21, 2020
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလက နည်းပညာ မြင့်မားသည့်ခေတ်ဖြစ်နေခြင်း ကြောင့် အခက်အခဲအကျပ်အတည်း တော်တော်များများကို ပြေလည်စေသည်။ အထူးသဖြင့် လူတိုင်း လိုလို၏ အိတ်ထဲတွင် ရှိနေသော လက်တစ်ဝါးသာသာ မိုဘိုင်းဖုန်း ကလေးက အခရာကျသည်။ အင်တာနက်ကွန်ရက်နှင့်ချိတ်ဆက် ထားသော မိုဘိုင်းဖုန်းကလေးကိုအသုံးပြု၍ ကိစ္စအတော်များများ ကို လျင်လျင်မြန်မြန် အဆင်ပြေပြီးမြောက်အောင် ဆောင်ရွက်နိုင် သည်။
Dec 20, 2020
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနှင့် NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams) နှင့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 20, 2020
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက် တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၊ ချင်းတွင်းလမ်းနှင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးလမ်း ထောင့်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။
Dec 20, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ သင်္ဘောဆင်းခွင့်ရရှိရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား အများစု အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၇) ဦးကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်သည့် China Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Dec 20, 2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်-ထားဝယ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သမုတ်မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သမုတ်-လွတ်လွတ် တံတားကို တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ တံတားပေါ် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
Dec 20, 2020
၁၉၈၀-၈၁ ပညာသင်နှစ်ရဲ့ နှင်းတွေဝေတဲ့ ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ ရန်ကုန် တက္ကသိုလ်မြေကို စတင်ခြေချခဲ့ပါတယ်။ တတိယနှစ် မြန်မာစာအဓိက ကျောင်းသူ အဖြစ်နဲ့ပါ။ ကျွန်မတို့က ဒေသကောလိပ် ပညာရေးကို လက်မတင်လေး မီလိုက်သူများ ဖြစ်တာကြောင့် အခြေခံပညာအထက်တန်းကို ၁၉၇၈ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ပထမနှစ်ကို အမှတ်(၃)ဒေသကောလိပ်မှာ တက်ရောက်ခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်တဲ့ ဆရာဝန်ရူးဆိုတော့ ပထမနှစ်မှာ အဘိုးက တားတဲ့ကြားက သိပ္ပံ(ဇီဝ)တွဲယူခဲ့ ပါတယ်။ ဒုတိယနှစ်မှာ လုပ်ငန်းအတတ်ပညာ ဆိုတော့ ရော်ဘာနဲ့ ပလတ်စတစ်လုပ်ငန်း ယူပါတယ်။ ဂုဏ်ထူးတဝေဝေနဲ့ အောင်ခဲ့ပေ မယ့် အမှတ်ပေါင်းသော် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်မမီလေသောကြောင့် ရွေးချယ်ရန် ဖြစ် လာပါတယ်။ သိပ္ပံဘွဲ့ယူမလား၊ လိုင်းပြောင်း မလား။ ကျွန်မက လိုင်းပြောင်းပြီး ဝိဇ္ဇာတွဲ ယူချင်တယ်ဆိုတော့ ဖေဖေက မြန်မာစာယူဖို့ ပြောပါတယ်။ ကျွန်မလည်း ကိုယ်တိုင်လည်း စိတ်ဝင်စား၊ အဖေ့စကားလည်း နားထောင်ပြီးသား ဖြစ်စေဆိုပြီး မြန်မာစာယူဖို့ ဆုံးဖြတ်ချက်က ကျွန်မကို ရန်ကုန်တက္ကသိုလ် ကျောင်းသူဖြစ်စေတဲ့အကြောင်းပါ။
Dec 20, 2020
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်သောဆောင်းပါးများကို နေ့စဉ်ထုတ်သတင်းစာ အချို့တွင် စတွေ့ရ၏။ ၂၀၂ဝ ပြည့်နှစ်၌ကား ရာပြည့်နှစ် ဖြစ်သဖြင့် ပို၍ခပ်စိပ်စိပ် ဖတ်လာရသည်။ ဆရာဆူးငှက် ကလည်း မန္တလေးတက္ကသိုလ်၏အစသည် ရန်ကုန် တက္ကသိုလ်၏ လက်အောက်ခံ မန္တလေးကောလိပ် ဖြစ်သဖြင့် မန္တလေးတက္ကသိုလ်၏ မူလဘူတကို ရေးခဲ့၏။
Dec 20, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် We Love Yangon လူထု အခြေပြုပရဟိတ အသင်းက တာဝန်ယူတည်ဆောက်မည့် ခုတင် ၆၀၀ ဆံ့ ပြည်သူ့ပရဟိတ ဆေးရုံသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၄၆)ရပ်ကွက် လှော်ကားလမ်းနှင့် သိန်းတစ်ရာလမ်းထောင့်ရှိ ကိုးဧကကျယ်ဝန်းသည့် မြေနေရာ၌ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း အဆိုပါပရဟိတအသင်းထံမှ သိရသည်။
Dec 20, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးများတွင် ရောဂါရှာဖွေ စစ်ဆေးပေးလျက်ရှိပြီး ယခုအခါ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရန် ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးနိုင်တော့မည် ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည် များကို တင်ပြလိုက်ပါသည်။
Dec 20, 2020
တက္ကသိုလ်ဆရာမဖြစ်ဖို့ ရည်ရွယ်ချက်က ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့မရခင်ကတည်းက ရှိခဲ့သည်။ ရှစ်လေးလုံး လူထု အုံကြွမှုကြီးဖြစ်ပြီး ကျောင်းများကို ရက်အကန့်အသတ် မရှိ ပိတ်ပစ်လိုက်တော့ ကျွန်မက ဒုတိယနှစ် ဂုဏ်ထူး တန်းစာမေးပွဲဖြေရင်းတန်းလန်းဖြင့် အိမ်ပြန်ခဲ့ရသည်။ အိမ်မှာအားနေတော့ ‘ရောင်ခြည်သစ်စာပေ’ ဟူသော စာအုပ်ငှားဆိုင်လေး ဖွင့်ဖြစ်သည်။ သူငယ်ချင်းများနှင့် တွေ့ချင်သဖြင့် ရန်ကုန်လာရအောင် အကြောင်းပြချက် က စာအုပ်ဝယ်ရန် … ဟူသော အလုပ်ကို ခုတုံးလုပ်ရ သည်။ သူငယ်ချင်းများနှင့် စာအဆက်အသွယ်သာ ရှိသည်။ ထိုခေတ်က ဖုန်း အလွန်ရှားသည်။ သူငယ်ချင်း သက်နှင်းလှိုင်က “ငါတို့ ဘောက်ထော်စျေးထဲမှာ ကံ့ကော်ပန်းတွေ ရောင်းတယ်၊ ငါတို့ကျောင်းတော်ကြီးမှာလည်း ကံ့ကော်တွေ ဝေနေလောက်ပြီ၊ သူတို့ကို ပန်ပေးမယ့် ကျောင်းတော်သူတွေကို မျှော်နေရှာရော့မယ်၊ ဘောက်ထော်က ကံ့ကော်ပန်းတွေက ကျောင်းထဲက ကံ့ကော်တွေလောက်မမွှေးသလိုပဲ” ဟု စာရေးတော့ တောင်ငူဆောင်ရှေ့လမ်းပေါ်မှာ ကံ့ကော်တွေ တစ်ပင်လုံး ဖွေးနေအောင် ပွင့်နေသည့် မြင်ကွင်း၊ ပွင့်ဖတ်ဖြူတွေ လမ်းပေါ်ကြွေကျနေသည့် မြင်ကွင်းတို့က အာရုံထဲ ဝိုးတဝါး ပြန်မြင်လာရသည်။
