May 30, 2021
ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးကာလ များအတွင်း ဘုရားပုထိုးစေတီ များနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးကျောင်းများ ခေတ္တပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပြန်လည် ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့သည်။
May 30, 2021
အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အမ်းတောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
May 30, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်ရှိ လူမှုဖူလုံရေး အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက် ရှိသော အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ အကြီးစားခွဲစိတ် ကုသမှုမှအပ ကျန်အထွေထွေရောဂါများအတွက် မေ ၂၄ ရက်မှ စတင်ကာ ဆေးရုံတက်ရောက် ကုသခံယူနိုင်ရေး စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ရန်ကုန်အလုပ်သမားဆေးရုံကြီး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
May 30, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူ လူထုများကိုကျန်းမာရေးစစ်ဆေး ပေးခြင်း၊ လိုအပ်သည့် ကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။
May 30, 2021
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရပ်စောက် မြို့နယ် ဗထူးတပ်မြို့ ဗထူးစမ်းတွင် ငါးမျိုး စိုက်ထည့် ပွဲအခမ်းအနားကို ယနေ့နံနက်၁၀ နာရီက ဇော်ဂျီချောင်းအနီး၌ ပြုလုပ်သည်။
May 30, 2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရဟန်းသာမဏေ သီလရှင် များအတွက် အစိုးရဓမ္မာစရိယနှင့် ပါဠိ ပထမပြန်စာမေးပွဲများကို ဇွန် ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ သိရသည်။
May 30, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံ က အောက်ပါ အတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
May 30, 2021
တပ်မတော်အနေဖြင့် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား ( ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။
May 30, 2021
မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဒေသတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-tourism Site) တစ်ခု ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲမှုနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အကြံပြုချက်တို့ဖြင့် မင်းဘူးမြို့မှ ရွှေစက်တော်ဘက်သို့အသွား သုံးမိုင် လမ်းခွဲ၊ လှေတင်တံတားအကျော် ညာဘက်ခြမ်းရှိ အဆိုပါ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွင် ပြည်တွင်း ပြည်ပခရီးသွားများ တစ်နှစ်ပတ် လုံး အဆင့်အတန်းမီစွာ တည်းခို နေထိုင်နိုင်ရန်အတွက် ဟိုတယ်၊ မိုတယ်နှင့် Resorts များ ပါဝင် မည် ဖြစ်သည်။ ထို့အပြင် မကွေး တိုင်းဒေသကြီး၏ အထင်ကရ နေရာများ၊ ထင်ရှားကျော်ကြား သည့် လူပုဂ္ဂိုလ်များ၏အကြောင်း များကိုလည်း ပြခန်းများဖြင့် ပြသထားမည်ဖြစ်ကြောင်း သိရ သည်။
May 30, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ၂၆ ရက်နေ့ ည ၈ နာရီမှ မေလ ၂၇ ရက်နေ့ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနှာ စုစုပေါင်း ၁၇၈၈ ခုအား စစ်ဆေးပြီးစီးမှုအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၆ ဦး တွေ့ရှိခဲ့ရသည်။ မေလ ၂၇ ရက်နေ့ ည ၈ နာရီမှ ၂၈ ရက်နေ့ ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနာ ၁၂၃၀ ကို စစ်ဆေးမှုအရ ရောဂါကူးစက်ခံရသူ ၇၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။
May 30, 2021
တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဟူသည် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ၏ လောကပါလတရားများဖြစ်ကြသည်။ ယင်းလောကပါလတရားတို့ ထွန်းကားပါမှလည်း ဒီမိုကရေစီလူ့အဖွဲ့ အစည်းမှာ အေးချမ်းသာယာဖွံ့ဖြိုးနိုင်မည်။ တစ်ဖက်တွင်လည်း လူ့ အဖွဲ့အစည်း အေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုး ရန်အရေးကြီးသည်။ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့က တိုက်ရိုက်ဆက်နွှယ်နေသည်။ တရားဥပဒေစိုးမိုးလျှင် မှုခင်းကျဆင်းမည်။ တရားဥပဒေမစိုးမိုးလျှင် မှုခင်းမကျဆင်းနိုင်။
May 29, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။
May 29, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၆၃/၄)အနီးရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
May 29, 2021
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ မေလ (၂၉)ရက်နေ့ ညနေ(၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြည့်ရှုအားပေး
May 29, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာအုပ်စုရှိ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော Paragon Myay Latt Thar Co.,Ltd ၏ တန်ဖိုးမြှင့်နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ နှမ်းလှော်စေ့၊ နှမ်းလှော်မှုန့်၊ သန့်စင်ပြီးနှမ်း၊ ရောင်စုံနှမ်း၊ နှမ်းလှော်ဆီမွှေး၊ တန်ဖိုးမြှင့်ပဲများ ဖြစ်သည့် သန့်စင်ပြီးပဲတီစိမ်း၊ သန့်စင်ပြီးမြေပဲထုတ်လုပ်၍ ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့ခြင်း လုပ်ငန်းသို့ သွားရောက်ကြည်ရှုသည်။
May 29, 2021
May 29, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၆) ၌ တွေ့ဆုံသည်။
May 29, 2021
နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်း သား/သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ဝန်ထမ်းသား/ သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
May 29, 2021
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၈-၅-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။
