အတိတ်ကိုသင်ခန်းစာယူကာ အနာဂတ်ကိုထုဆစ်ကြသည့်အခါ…
စက်တင်ဘာ ၃ ရက် (ဗုဒ္ဓဟူးနေ့)နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ပေကျင်းမြို့ တီယန်မင်ရင်ပြင်၌ အနီရောင်နိုင်ငံတော်အလံတို့ တလွင့်လွင့်တောက်ပလျက်ရှိသည်။ သောင်းနှင့်ချီသည့် ဧည့်ပရိသတ်များက စတင်တော့မည့် အခမ်းအနားအတွက် စိတ်လှုပ်ရှားလျက်ရှိသည်။
