အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ (သို့မဟုတ်) “တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြု အာဆီယံ”
(ဆ) အင်အားအသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့မပါဝင်ဘဲ ဥပဒေကို လေးစားလိုက်နာခြင်းနှင့် သံတမန် နည်းလမ်းအရဖြေရှင်းခြင်းအပါအဝင် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းနှင့် ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS) အပါအဝင် နိုင်ငံတကာဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အာဆီယံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊
