Skip to main content

သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနှင့် ကြိုတင်ပြင်ဆင်မှု

အောက်တိုဘာ ၁၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction - 2022) ဖြစ်ပါတယ်။

လူတိုင်းညီမျှ ရိက္ခာရဖို့ အားလုံးပူးပေါင်း လုပ်ဆောင်စို့

လူသားအားလုံး အာဟာရပြည်ဝတဲ့အစားအစာတွေ ဖူဖူလုံလုံစားသုံးနိုင်ကြဖို့နဲ့ ငတ်မွတ်ခေါင်းပါးမှု၊ အစာရေစာပြတ်လပ်မှုမတွေ လျော့ပါးပပျောက်စေဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကဆယ်စုနှစ်၊ ရာစုနှစ်အလိုက်အစီအမံတွေ ရေးဆွဲချမှတ်ဆောင်ရွက်နေကြသော်လည်း ကမ္ဘာ့ကပ်ရောဂါနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုတွေ၊ နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေးနည်းပညာအားပြိုင်မှုတွေစတဲ့ အကြောင်းအမျိုးမျိုးရဲ့ သက်ရောက်မှုတွေအောက်တွင် ကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ စားနပ်ရိက္ခာကို စားသုံးခွင့်မရရှိတဲ့လူဦးရေက တိုး၍တိုး၍ လာဆဲဖြစ်နေပါတယ်။

တစ်နိုင်ငံလုံး အကြားမလပ် ဖွံ့ဖြိုးတိုးတက်ရေး

ဘယ်တိုင်းပြည်အတွက်မဆို အခြေခံအကျဆုံး မရှိမဖြစ်လိုအပ်ချက်က ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်တယ်။ နိုင်ငံရေးစနစ်တွေကို ငြင်းကြခုံကြတာ၊တည်ဆောက်ကြတာ၊ ပြုပြင်ပြောင်းလဲကြတာ၊ အဟောင်းဖျက်ပြီး အသစ်တည်ထောင်ကြတာအားလုံးဟာ အဓိကရည်ရွယ်ချက် တစ်ခုကြောင့်ပဲဖြစ်တယ်။

ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်

သရေခေတ္တရာ ဧကရာဇ်နိုင်ငံ တော်ခေတ်ဖြစ်သော ပျူခေတ်ကပင် အနုသုခုမသဘင်ထွန်းကားခဲ့သည်။ မဇ္ဈိမတိုင်းအိန္ဒိယပြည်မှ တူရိယာများ၊ စိန့်တိုင်းတရုတ်ပြည်မှ တူရိယာများကို ပျူတို့သည် မိမိတို့၏ မူပိုင်တူရိယာများဖြစ်သော နှဲ၊ ပတ်သာ၊ စည်းစုပ်စသည် တို့နှင့် ပေါင်းစပ်သီဆိုတီးမှုတ်ကပြခဲ့ကြသည်။

ပိုမိုကောင်းမွန်သောကမ္ဘာကြီးအတွက် အမြင်များမျှဝေပေးသော ကမ္ဘာ့စံချိန်စံညွှန်းနေ့

နိုင်ငံတိုင်းတွင် ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို နှစ်စဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားဖြစ်ပေါ်လာရ သည့် သမိုင်းကြောင်းမှာ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် လန်ဒန်မြို့တွင် ကျင်းပခဲ့သော ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး (International Organization for Standardization – ISO) ၏ အစည်းအဝေး ကျင်းပသည့် အဆိုပါနေ့ရက်အား ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားအဖြစ် အဖွဲ့ဝင် ၂၅ နိုင်ငံမှ ကိုယ်စား လှယ်များကသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ယခုချိန်တွင် အဖွဲ့ဝင်ပေါင်း၁၆၇နိုင်ငံအထိ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ပတ်ဝန်းကျင်ကောင်းတစ်ခုကို ကိုယ်တိုင်တည်ဆောက်ရယူပါ

လူဟူ၍ဖြစ်လာပါက ပတ်ဝန်းကျင်နှင့်ကင်းကွာပြီး နေထိုင်ချင်၍မရပေ။ လူသားအားလုံးသည် လူ့ပတ်ဝန်းကျင်ထဲတွင် မွေးဖွားလာရပြီး လူ့ပတ်ဝန်းကျင်ထဲတွင် ကြီးပြင်းကြရသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုနှင့်ပုံသွင်းမှုတို့ကို အနည်းနှင့်အများဆိုသလိုခံကြရပါသည်။ အထူးသဖြင့်လန်းဆန်းပြီး ငယ်ရွယ်နုပျိုသောလူငယ်တို့သည် ပတ်ဝန်းကျင်အပေါ်တွင် စိတ်ဝင်တစားနှင့် စူးစမ်းလေ့လာကြသည်မှာလည်း သဘာဝပင်ဖြစ်သည်။

အဘိဓမ္မာကျေးဇူးဆပ်တရားဖြင့် နေ့စဉ်သီတင်းကျွတ်စေချင်ပါသည်

ကျေးဇူးရှင်မြတ်စွာဘုရားသည် ခုနစ်ဝါမြောက်တွင် မယ်တော်မာယာဖြစ်ခဲ့ဖူးသည့် သုတိသာနတ်ပြည်ရှိ သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သည့်အနေဖြင့် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရားတော်ကြီးကို ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ထူးမြတ်သာလွန်သော ဤတရားတော်ကြီးသည် ကျေးဇူးဆပ်တရားတော်အဖြစ် ထူးခြားခဲ့သလို ကုသိုလ်တရား၊ သစ္စာတရား အားဖြင့်လည်း ကျယ်ဝန်းနက်နဲလှသည့် တရားဖြစ်သည်ဟု ဆိုကြပါသည်။

ခေတ်မီပြောင်းလဲတိုးတက်လာတော့မည့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍ

ယခုအခါတွင် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍကို တိုးတက်ပြောင်းလဲစေရန် နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်းနိုင်ရေးအတွက် လျှပ်စစ်ကား (EV-Electric Vehicle) များထုတ်လုပ်ရန် လမ်းညွှန်မှုတစ်ရပ်ကို နိုင်ငံတော်အကြီးအကဲ ဝန်ကြီးချုပ်က အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့ပါသည်။ အဆိုပါ လမ်းညွှန်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် လုပ်ငန်းရှင်များ (လုပ်ငန်းရှင်ဆိုရာ၌ ပြည်တွင်း၊ ပြည်ပမှလုပ်ငန်းရှင်များကို ဆိုလိုပါသည်)။

ပဟေဠိသဖွယ်ရှိနေသည့် သမိုင်းထဲက ဂျီနိုဆိုက်ပုစ္ဆာ

မြန်မာသမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့လူမျိုး၊ ဘယ်တုန်းကမှအသိအမှတ်မပြုခဲ့တဲ့ အသုံးအနှုန်းကိုမှ လူမျိုးလိမ်အမည်တပ်ပြီး မြန်မာပြည်တွင်းရေးကို အမေရိကန်တို့ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ကြပြန်လေပြီ။ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေကို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ရာမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပါ၀င်ပတ်သက်ခဲ့ကြသူတွေကို အရေးယူရတဲ့ အကြမ်းဖက်နှိမ်နင်းရေးအမျိုးမျိုးကို အထောက်အထားမဲ့ဝေဖန်နေတဲ့ ကမ္ဘာ့ငပွကြီးရဲ့ မရိုးနိုင်တဲ့ အကြမ်းဖက်အားပေးပုံစံတစ်မျိုးလို့ပဲ ဆိုရပါလိမ့်မယ်။

လူနဲ့လူ

ကိုဗစ်-၁၉ ကပ်ရောဂါကြီးဟာ ၂၀၁၉ ခုနှစ်အကုန်မှာစခဲ့တာ။ ၂၀၂၂ ခုနှစ်ကုန်ရင် သုံးနှစ်ပြည့်ပါတော့မယ်။ သမားအိုအနေနဲ့ ကပ်ရောဂါကြားထဲမှာ ရှင်သန်ခွင့်ရခဲ့တဲ့ သုံးနှစ်တာအတွင်းမှာ လေ့လာသုံးသပ်မိသမျှကို စာချစ်သူတို့ထံ ရသမျှသတင်းစကားတွေ ဖြန့်ဝေဖြစ်ခဲ့ပါတယ်။ အဲဒီအထဲကအနှစ်ချုပ်ပြီး သုံးသပ်ကြည့်ရင် ကဏ္ဍလေးရပ်ကိုတွေ့မိပါတယ်။ ရောဂါပိုးနဲ့လူ၊ လူနဲ့ရောဂါပိုး၊ ရောဂါပိုးအချင်းချင်း ဆက်နွှယ်မှုအပြင် လူ - လူချင်း ကပ်ရောဂါအတွင်းဖြစ်ပေါ်နေတဲ့ ဆက်ဆံရေးကိုသုံးသပ်မိပါတယ်။
Subscribe to ဆောင်းပါး