Skip to main content

သက်ရှည်ကျန်းမာစေဖို့ရာ လမ်းမှန်မှန်လျှောက်ပါ

မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၆၇ ဒသမ ၄၂ နှစ်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ တွက်ချက်မှုမှာ ၆၇ ဒသမ ၇၈ နှစ်ဖြစ်ကြောင်း သိရသည်။ လူတစ်ယောက် သက်တမ်းစေ့နေနိုင်ရန်နှင့် သက်ရှည်ကျန်းမာစေရန်အတွက် သွေး၊ လေများကောင်းမွန်လည်ပတ်အောင် နေ့စဉ်လမ်းမှန်မှန်လျှောက်ခြင်းကလည်း အဓိကကျပါသည်။ WHO မှ ထုတ်ပြန်ကြေညာချက်များအရ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုချို့တဲ့ခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ နှစ်သန်းခန့်ရောဂါဖြစ်ကြပြီး ကိုယ်ခန္ဓာမသန်စွမ်းခြင်းနှင့် သက်တမ်းမစေ့မီသေဆုံးခြင်းများကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာဘာတွေဆောင်ရွက်နေသလဲ ဘယ်သူတွေက နှောင့်နှေးအောင် နှောင့်ယှက်ဖန်တီးနေသလဲ

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်သံတမန်ဆွေးနွေးပွဲများ ကျင်းပ၍လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကျင်းပ၍လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ဖွံ့ဖြိုးတိုးတက်မှုအမြင်နှင့် အလှမ်းဝေးနေသော လူကုန်ကူးမှုဆိုင်ရာ ထုတ်ပြန်ချက်

ကမ္ဘာလုံးဆိုင်ရာ အချို့ကိစ္စရပ်များဟာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အရာဆို ပူးပေါင်းဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ မပူးပေါင်းလို့မရပါဘူး။ ဒီအချက်ကိုမျက်ကွယ်ပြုပြီး ပူးပေါင်းဆောင်ရွက်ရမယ့်အစား ပိတ်ဆို့ဖို့၊ ဖြတ်တောက်ဖို့၊ တားဆီးဖို့ချည်းပဲလုပ်နေမယ်ဆိုရင် ထိုအရေး၊ ထိုပြဿနာဟာအောင်မြင်မှုရဲ့ ပြောင်းပြန်ရလဒ်တွေကိုသာ ရရှိတတ်ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးအရေးဟာ တစ်နိုင်ငံတည်းမက နိုင်ငံအားလုံးနဲ့ဆက်စပ်နေတဲ့ကိစ္စပါ။ အနည်းဆုံးတော့ လူတွေစထွက်ခွာရာ မူရင်းနိုင်ငံနဲ့ ဖြတ်သန်းရာနိုင်ငံတွေ၊ နောက်ဆုံးသူတို့အလုပ်လုပ်မယ့် ဆိုက်ရောက်နိုင်ငံတွေဆိုပြီး ပါဝင်ပတ်သက်တဲ့နိုင်ငံတွေရှိကြပါတယ်။ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှ အဖြေထွက်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။

ကမ္ဘောဇသာဒီနန်းတော်နေရာမှ တူးဖော်ရရှိသော တန်ဖိုးကြီးမား သမိုင်းအထောက်အထားများ

ကမ္ဘောဇသာဒီနန်းတော်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာမင်းလက်ထက်က တည်ဆောက်ခဲ့သောနန်းတော်ဖြစ်သည်။ ကမ္ဘောဇသာဒီနန်းတော်ကို မြန်မာသက္ကရာဇ် ၉၁၅ (ခရစ်နှစ် ၁၅၅၃ ခုနှစ်) တွင် တည်ဆောက်ခဲ့ကြောင်း၊ နန်းတော်တည်ဆောက်ရာမြေကို ကမ္ဘောဇသာဒီဟုသမုတ်ခဲ့ကြောင်း၊ နန်းတော်ဝန်းကျင်တွင် မင်းမိဖုရားအိမ်တော်၊ ကိုယ်လုပ်မောင်းမတို့အိမ်၊ ရွှေတိုက်၊ ငွေတိုက်၊ ကြေးတိုက်၊ ပုဆိုးတိုက်တို့ကို ဆောက်လုပ်ကြောင်း မှန်နန်းမဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။ ကမ္ဘောဇသာဒီဟု အမည်သမုတ်ခဲ့ရခြင်း၏အကြောင်းရင်းမှာ ကမ္ဘောဇ-ရှမ်းပြည်တစ်ခွင် အေးချမ်းစေခြင်းဟူသော အဓိပ္ပာယ်ဖြင့် အမည်သမုတ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းပညာရှင်အချို့က ဆိုသည်။

ကိုယ်လက်လှုပ်ရှားအားကစား တို့များပီပြင်ပါဝင်စေချင်

မကြာမီ မြန်မာနိုင်ငံ၏ ဒီဇင်ဘာအားကစားလပင် ရောက်ရှိတော့မည်ဖြစ်သည်။ အမှန်ကတော့ အားကစားလတွင်သာမက ကျန်သည့်လများတွင်လည်း အားကစားလှုပ်ရှားသင့်ပေသည်။ ထိုအချက်ကို သိနေသောတာဝန်ရှိသူများသည် ရေဒီယိုခေတ်ကတွင်ပင်မက ယခု တီဗွီခေတ်ထိတိုင်အောင် နံနက်ချိန်ခါ အားကစားလှုပ်ရှားမှုလေ့ကျင့်ခန်းများ ထုတ်လွှင့်ပြသတိုက်တွန်းလျက်ရှိနေသည်။ အချို့နိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဝင်ချိန်မတိုင်မီ ကျန်းမာရေးလေ့ကျင့်ခန်းများလုပ်ပြီးမှသာ လုပ်ငန်းခွင်သို့ဝင်ကြသည်။ ထိုအခါ လုပ်ငန်းခွင်ဝင်မည့်သူများ၏ ကိုယ်စိတ်ကျန်းမာရေးသာမက လုပ်ငန်းခွင်အတွက်လည်း အကျိုးကျေးဇူးများစွာရရှိပြီး ကုန်ထုတ်လုပ်မှုပါတိုးတက်စေကြောင်း အထောက်အထားများရှိပေသည်။

အမျိုးသားအောင်ပွဲနေ့နှင့် လူငယ်တို့၏ အမျိုးသားရေးတာဝန်

မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသမှာ လူဖြစ်လာမယ့် အမ်ဖီသီးကပ်စ်လို့ခေါ်တဲ့ ပရိုင်းမိတ်ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း သန်းလေးဆယ်ကနေခဲ့ကြောင်း ဘူမိသိပ္ပံ ကမ္ဘာ့ပညာရှင်၊ မြန်မာပညာရှင်တွေက ဖော်ထုတ်ခဲ့တယ်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ ရက် ကြာသပတေးနေ့သည် မြန်မာတိုင်းရင်းသားအားလုံး မြန်မာအမျိုးသားအားလုံး၏ “အမျိုးသားအောင်ပွဲနေ့”ဖြစ်သည်။ သို့ဖြစ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို နိုင်ငံရေးအနှစ်သာရပြည့်ဝစွာဖြင့် တစ်နိုင်ငံလုံးကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားရေးဦးတည်ချက်များ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

အလေ့အထမှသည် ဝါသနာ၊ ဝါသနာမှသည် ကောင်းသောစရိုက်သို့

လူတို့၏ နေ့စဉ်နေထိုင်မှုပုံစံတွင် ပုံမှန်လမ်းလျှောက်ခြင်းကို အားပေးသင့်ကြသည်။ ပြုကျင့်ရမည့် နေ့စဉ်အလေ့အထတစ်ခုအဖြစ် ဝီရိယထား၊ အလေးထားကြိုးစားသင့်ကြသည်။ လေ့ကျင့်ခန်းမျိုးစုံရှိသော်လည်း အသက်အရွယ်အရ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့ မိမိကျန်းမာရေးအတွက် လုံခြုံမှု၊ စောင့်ရှောက်မှုအပြည့်အဝပေးနိုင်သည့် လေ့ကျင့်ခန်းမျိုးမရှိဟု မြင်ပါသည်။ နံနက်စောစောနာရီဝက်ခန့် လမ်းလျှောက်ပြီးစီးသည်နှင့် ပြုလုပ်ရမည့်တစ်နေ့တာ နိစ္စဓူဝကိစ္စများ ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းပိုရှိလာသည်။

နေရပ်ပြန်လိုသူတွေအတွက် အဓိကအဟန့်အတားနှင့် တရားခံများ

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံရဲ့အနောက်ခြမ်းမှာ မြန်မာတိုင်းရင်းသားတွေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အနှောင့်အယှက်ပြုတိုက်ခိုက်နေတဲ့ ARSA (အာဆာ)လို့ခေါ်တဲ့ Arakan Rohingya Salvation Army အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတစ်ခုအတွင်းမှာ အာဆာအဖွဲ့ရဲ့ (၆)နှစ်မြောက်နှစ်ပတ် လည်အခမ်းအနားတစ်ခုကို ကျင်းပသွားတယ်လို့ သိလိုက်ရတဲ့အခါ....

သင့်သမိုင်းကို သင်ပဲရေးရမှာ

ပညာဆိုတာဟာအကျယ်ကြီး၊ အနက်ကြီးပဲ။ ငါသိပြီ၊ ငါတတ်တယ်ဆိုပြီး ပညာရှာမှီးတာကိုရပ်လိုက်ရင် အဲဒီလူဟာ နိမ့်ဆင်းလျှောကျသွားတော့တာပဲ။ အဆက်မပြတ်၊ အမြဲမပြတ်သိစရာ၊ တတ်စရာတွေက အရှိန်အဟုန်နဲ့ တိုးပွားများပြားနေတာဖြစ်ပါတယ်။ တစ်ရက်၊ တစ်လနဲ့မသိသာသေးပါ
Subscribe to ဆောင်းပါး