အိုဇုန်းလွှာနှင့် အိုဇုန်းလွှာထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ
အိုဇုန်းဓာတ်ငွေ့သည် အပြာရောင် ဖျော့ဖျော့ဓာတ်ငွေ့ဖြစ်ပြီး အိုဇုန်းမော်လီကျူးတစ်ခုစီတွင် အောက်ဆီဂျင်အက်တမ်သုံးလုံးပါဝင်သောကြောင့် ဓာတုဗေဒသင်္ကေတအနေဖြင့် “O3”အဖြစ် သတ်မှတ်ပါသည်။ အိုဇုန်းဟူသောစကားလုံးသည် ဂရိစကားလုံးဖြင့် “အနံ့”ဟု အဓိပ္ပာယ်ရသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး စူးရှသောအနံ့ရှိပါသည်။
