ဖတ်စရာမှတ်စရာ ယူဂိုဆလားဗီးယား သမိုင်းသင်ခန်းစာ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်လာခဲ့ပြီးမှ ၁၉၉၀ ပြည့်လွန်နှစ်များအရောက်တွင် ဝါးအစည်းပြေသလိုပြိုကွဲကာ သမိုင်းအတွင်း ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့သော တစ်ချိန်က ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်ကို ပြန်ပြောင်းအမှတ်ရမိသည်။
