Skip to main content

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ဧပြီ ၉

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်၊၊

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၅ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၈၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏သဘောထားရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ကိုးဦးတို့၏ အမည်စာရင်းများ ကို လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့ တင်ပြထား သည့် ဦးအောင်ဇော်သိန်း၊ ဦးဉာဏ်ထွန်း၊ ဦးမျိုးတင့်၊ ဦးကျော်ဆန်း၊ ဦးတူးမော်၊ ဒေါ်စုစုဝင်း၊ ဒေါ်ဥမ္မာအေး၊ ဦးတင့်ဝေနှင့် ဒေါက်တာမာလာမော်တို့ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ယင်းအဖွဲ့မှ ဦးအောင်ဇော်သိန်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ ထားရသူက တင်ပြထားသော ပြည်ထောင်စုဝန်ကြီး ၃၀ ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့တင်ပြထားသည့် ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာ သီတာဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်းနှင့် ဦးမောင်မြင့်တို့ကို ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ ထားရသူက တင်ပြထားသော ဒေါက်တာသီတာဦးကို ပြည်ထောင်စု ရှေ့နေချုပ်အဖြစ်လည်းကောင်း၊ ဒေါ်နိုင်သက်ဦးကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့ တင်ပြထားသည့် ဒေါက်တာ သီတာဦးကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ်လည်းကောင်း၊ ဒေါ်နိုင်သက်ဦးကို ပြည်ထောင်စုစာရင်းစစ် ချုပ်အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထား ရသူက တင်ပြထားသော ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး ရှစ်ဦးတို့၏ အမည် စာရင်းများကို လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့ တင်ပြထားသည့် ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာ ကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်နှင့် ဒေါ်သင်းသင်းချိုတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ ထားရသူက တင်ပြထားသော မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင် များ၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြ ခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့ တင်ပြထားသည့် ဒေါက်တာခင်နိုင်ဦး၊ ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာ စန္ဒာဦး၊ ဒေါက်တာ ရီအေး၊ ဦးတင်မြင့်၊ ဒေါက်တာ လှညွန့်၊ ဒေါက်တာ ဇော်ဦးနှင့် ဒေါက်တာ ဖြူဖြူအိ တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ ယင်းအဖွဲ့မှ ဒေါက်တာခင်နိုင်ဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်နှင့် ဒေါက်တာ စန္ဒာဦးတို့ကို ဒုတိယဥက္ကဋ္ဌများအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ ထားရသူက တင်ပြထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ကိုးဦးတို့၏ အမည် စာရင်းများကို လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့ တင်ပြထားသည့် ဦးစိုးသိန်း၊ ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဒေါက်တာ ထွန်းထွန်းဦး၊ ဦးလွန်းဘော်၊ ဦးကျော်စိုးညွန့်၊ ဦးတိုးရီ၊ ဦးတင်အောင်ဝင်းနှင့် ဦးမင်းဟန်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ ယင်းအဖွဲ့မှ ဦးစိုးသိန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဥပဒေကြမ်း ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းနှင့် အမည်စာရင်း တင်ပြခြင်းတို့ကို ဧပြီ ၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး ဥပဒေ ကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဧရာဝတီတိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူ စနစ်) မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်ဦး၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇင်မင်းထက်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး၊ အဖွဲ့ဝင်များ အဖြစ် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး (ခ) တက္ကသိုလ်မေသူ၊ ဆိပ်ကြီး/ ခနောင်တို မဲဆန္ဒ နယ်မှ ဒေါက်တာ ထွန်းထွန်းဝင်း၊ မိုင်းခတ်မဲဆန္ဒနယ်မှ စိုင်းဝန်းဆမ်၊ တောင်ကြီးမဲဆန္ဒနယ်မှ ဒေါ်နန်းကျင်း (ခ) နန်းစိန်၊ ဧရာဝတီတိုင်းဒေသကြီး (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်ဇင်ပပဦး၊ ဧရာဝတီတိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူ စနစ်) မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခိုင်ဝင်းအောင်၊ ချင်းပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ကျိန်ငိုက်မန်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းမြိုင်၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မြင့်သောင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်ကြီးဒေါ်ဖြိုးဖြိုးဝေတို့ဖြင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီကို အတည်ပြုဖွဲ့စည်းကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းနှင့် အမည်စာရင်း တင်ပြခြင်းတို့ကို ဧပြီ ၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဧရာဝတီတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဦးချစ်ဆွေ၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသန်းအောင်၊ တွဲဖက် အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ်မှ ဦးတင် အောင်ချစ်၊ အဖွဲ့ဝင်များအဖြစ် ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်၊ ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ဒေါ်ခင် စောမူ၊ ရမည်းသင်းမဲဆန္ဒနယ်မှ ဦးညွန့်ဆောင်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသန်းရွှေ၊ ကရင်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) မှ ဦးချစ်ဝေ၊ ရခိုင်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်ဇော်မြင့်၊ ကရင်ပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ ခွန်ဝင်းဦး၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်စိုးညွန့်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဖြိုးမင်းဝင်းတို့ဖြင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို အတည်ပြုဖွဲ့စည်းကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန် အစည်းအဝေးပဉ္စမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေး ဆဋ္ဌမနေ့ကို ဧပြီ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

သတင်းစဉ်