Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများနှင့် ပရိဘောဂများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

(၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ်)

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် တပ်ဆင်အသုံးပြုရန်အတွက် ရုံးသုံးစက်ပစ္စည်း(၄) မျိုးနှင့် ပရိဘောဂ(၁)မျိုးတို့ကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် လိုက်နာဆောင်ရွက်ရန်အချက်များကို(၁)စုံလျှင် ကျပ် ၁၀,၀၀၀/-နှုန်းဖြင့် (၂၀-၄-၂၀၂၆ ရက်နေ့မှ(၁၁-၅-၂၀၂၆)ရက်နေ့အထိ နံနက်(၀၉ : ၃၀)နာရီမှ (၁၆ : ၃၀) နာရီအထိ ရုံးချိန်အတွင်း ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် လာရောက် ဝယ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို (၁၅-၅-၂၀၂၆)ရက်နေ့ (၁၆ : ၃၀)နာရီတွင် နောက်ဆုံးထား၍ ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်တွင် လာရောက်ပေးသွင်းရန် ဖြစ်ပါသည်။ ( သတ်မှတ်ချိန်ထက် ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ )

၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ရုံးသုံးစက်ပစ္စည်းများ၏ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ရုံးအမှတ်(၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်

ဖုန်း ၊ ဝ၆၇-၃၄၁၂၃၂၈ ၊ ၀၆၇- ၃၄၁၂၃၂၇